Home
မြန်မာသတင်း
ရန်ကုန်စာအုပ်လမ်းကို သိမ်းဖြူလမ်းတွင် ပြန်လည်ဖွင့်လှစ်မည်
DVB
·
February 1, 2019
ရန်ကုန်စာအုပ်လမ်းကို ဖေဖော်ဝါရီ ၂ ရက်နေ့ စတင်ဖွင့်လှစ်မှာဖြစ်ပြီး စာအုပ်စတုဒိသာ စာအုပ် ၁၀၀၀ ကို စာဖတ်ပရိသတ်တွေအတွက် အခမဲ့ ပေးဝေသွားမယ်လို့ သိရပါတယ်။ ရန်ကုန်စာအုပ်လမ်းကို ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး စာအုပ်ဆိုင်တွေနဲ့ အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင်တွေ အပါအဝင် စုစုပေါင်း ဆိုင်ခန်း ၁၀၀ လောက်နဲ့ ပြန်လည်ရောင်းချ ဖွင့်လှစ်ပေးမယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ ရန်ကုန်စာအုပ်လမ်းဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ စာအုပ်လမ်းကို လာရောက်မယ့် စာဖတ်သူတွေကို တဦးတအုပ်နှုန်းနဲ့ စတုဒိသာ စာအုပ် ၁၀၀၀ ကို စနေ-တနင်္ဂနွေ ၂ ရက် ၁၂ နာရီနောက်ပိုင်း ပေးဝေသွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်မှာ စာအုပ်တိုက်တချို့ စုပေါင်းပြီး ၅၀ ရာခိုင်နှုန်းလျှော့ဈေး အထူးအစီအစဉ် ပါဝင်မှာဖြစ်ပြီး စာပေဟောပြောပွဲ၊ စာပေစကားဝိုင်း၊ စာပေပဟေဠိ၊ ကာတွန်းဆရာတွေနဲ့ ကယ်ရီကေးချား ကာတွန်းရေးဆွဲတာ စတာတွေလည်း ပါဝင်ပါတယ်။ ရန်ကုန်စာအုပ်လမ်းကို စနေ-တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ သိမ်ဖြူလမ်းပေါ်က ဝန်ကြီးများရုံးဟောင်းရှေ့နဲ့ ဗဟိုပုံနှိပ်စက်ရုံရှေ့၊ အနော်ရထာလမ်းမပေါ်တွေမှာ အပတ်စဉ် ဖွင့်လှစ်မှာလည်း ဖြစ်ပါတယ်။ ရန်ကုန်စာအုပ်လမ်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတော့ စာအုပ်ဆိုင်ပေါင်း ၁၇၀ ကျော် ရှိခဲ့ပါတယ်။ ဆိုင်ခန်းခကတော့ ၂၀၁၇ ခုနှစ်မှာ ၆၀၀၀ ကျပ်၊ ၂၀၁၈ မှာ ၇၀၀၀ ကျပ် ပေးရတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024