ပါကစ္စတန်သည် စစ်သွေးကြွလှုပ်ရှားမှုအတွက် လုံခြုံရာနေရာဖြစ်ဟု အာဖဂန်သမ္မတ စွပ်စွဲ

ဓာတ်ပုံ - Reuters
709
အာဖဂန်သမ္မတ အာရှက်ဖ် ဂါနီက ပါကစ္စတန်ဟာ စစ်သွေးကြွ လှုပ်ရှားမှုတွေအတွက် လုံခြုံရာနေရာ ဖြစ်တယ်လို့ ဇန်နဝါရီ ၃၀ ရက်နေ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
သမ္မတ အာရှက်ဖ်ဂါနီက ပါကစ္စတန်မြို့တွေဖြစ်တဲ့ အစ္စလာမ္မာဘတ်၊ ကေတာနဲ့ ရာဝါပင်ဒီမြို့တွေဟာ စစ်ပွဲဖန်တီးတဲ့ အဓိကနေရာတွေ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ပါကစ္စတန်ဟာ သူတို့မြေပေါ်မှာရှိနေတဲ့ အာဖဂန် တာလီဘန်တပ်မှူးတွေကို မသိကျိုးကျွံပြုနေပြီး စစ်သွေးကြွအဖွဲ့ကိုတောင် ထောက်ပံ့ပေးနေတယ်လို့ အာဖဂန်အစိုးရက အရင်တုန်းကလည်း စွပ်စွဲခဲ့ဖူးပါတယ်။
အာဖဂန်သမ္မတ ဂါနီရဲ့ အခုမှတ်ချက်စကားဟာ တာလီဘန်ခေါင်းဆောင်တွေနဲ့ အမေရိကန် တာဝန်ရှိသူတွေအကြား ဆွေးနွေးပွဲတွေ အရှိန်ရလာချိန်မှာ ပေါ်ထွက်လာတာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။