ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်မှုအတွက် မိမိတွင်တာဝန်ရှိဟု ချဲလ်ဆီးနည်းပြ ပြော

ဘုန်းမောက်အသင်းကို ဂိုးပြတ်ရှုံးနိမ့်မှုအတွက် မိမိမှာပဲ တာဝန်ရှိတယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီက ဝန်ခံပြောကြားသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အခုနှစ် ဘောလုံးရာသီမှာ အဆိုးရွားဆုံးစံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘုန်းမောက်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ သူ့ရဲ့အမှားဖြစ်ပြီး ကစားသမားတွေကို စိတ်ဓာတ်လှုံ့ဆော်မှု မပေးနိုင်ခဲ့ဘူးလို့ ဆာရီက ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းက တောင့်တင်းပြီးသားအသင်း ဖြစ်တာကြောင့် နည်းပြမရှိရင်တောင် အနိုင်ရအောင် ကစားနိုင်တဲ့အသင်း ဖြစ်တယ်လို့ ဆာရီက ပြောကြားခဲ့ပါတယ်။ ရှုံးပွဲကြောင့် ပရိသတ်တွေအတွက် ဝမ်းနည်းမိပြီး ရှုံးပွဲတွေ့တာထက် ကစားပုံဆိုးရွားတာက ပိုပြီး ခံရခက်စေတယ်လို့လည်း ဆာရီက ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၅ နေရာကို ဆင်းပေးလိုက်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up