နာမည်ကြီး ချဲလ်ဆီးအသင်း ဘုန်းမောက်ကို ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 31 January, 2019
1.4K
0
Share
0
Comment
0
Likes
VIDEO
ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ အဖြစ် နာမည်ကြီး ချဲလ်ဆီးနဲ့ ဘုန်းမောက်တို့ မနေ့ညကယှဉ်ပြိုင်ရာ ဘုန်းမောက်က ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲရှုံးတဲ့အတွက် ချဲလ်ဆီးအသင်းဟာ အဆင့် ၄ အတွင်းကနေ ပြုတ်ကျသွားခဲ့ပါတယ်။
ချဲလ်ဆီးက ဒီပွဲမှာ အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာသလို အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟီဂူအင်ကိုပါ ထုတ်သုံးသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာရပေမယ့် ထိုးဖောက် ကန်သွင်းမှုမှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။
ဘုန်းမောက်အတွက် အနိုင်ဂိုးတွေကို ကင်း၊ ဘရွတ်စ်နဲ့ ဒန်နီရယ်တို့က အသီးသီး သွင်းယူပါတယ်။
ဒီပွဲရှုံးတဲ့ ချဲလ်ဆီးက ၄၇ မှတ်နဲ့ အဆင့် ၅ နေရာကို လျောကျသွားပြီး ဘုန်းမောက်က ၃၃ မှတ်နဲ့ အဆင့် ၁၀ ကို တက်လှမ်းသွားပါတယ်။