ဇင်းနစ်ကွင်းလယ်လူ ပါရီဒက်စ်ကို ပီအက်စ်ဂျီ ခေါ်ယူ

ပီအက်စ်ဂျီအသင်းဟာ ဇင်းနစ်ကွင်းလယ်ကစားသမား ပါရီဒက်စ်ကို ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ခေါ်ယူ စာချုပ်လိုက်ပါတယ်။ အာဂျင်တီးနား ကွင်းလယ်လူ ပါရီဒက်စ်ဟာ အသင်းနဲ့ လေးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၈ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ခွင့် ရခဲ့တဲ့အတွက် ဂုဏ်ယူမိပြီး အီတလီနဲ့ ရုရှားမှာ ကစားခဲ့တဲ့ အတွေ့အကြုံတွေပြီးနောက် ပြင်သစ်လိဂ်ဟာ နှစ်သက်စရာကောင်းတဲ့ အခွင့်အရေးတခု ဖြစ်တယ်လို့ ပါရီဒက်စ်က ပြောကြားခဲ့ပါတယ်။ မိမိအပေါ် ယုံကြည်ပြီး ခေါ်ယူခဲ့ကြတဲ့ အသင်းဥက္ကဋ္ဌနဲ့ နည်းပြတွေကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ပါရီဒက်စ်က ပြောပါတယ်။ အသက် ၂၅ နှစ်ရှိ ပါရီဒက်စ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားအသင်းမှာ ရွေးချယ်ခံရခဲ့ပေမယ့် အပြီးသတ်စာရင်းမှာ ချန်လှပ်ခံခဲ့ရတာပါ။ ပါရီဒက်စ်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းနဲ့ နှစ်ရာသီအတွင်း စုစုပေါင်း ၆၁ ပွဲကစားပြီး ၁၀ ဂိုး သွင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up