ရသေ့တောင်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်၊ ​ဒေသခံများထွက်​ပြေးနေရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း အုန်းချောင်းကျေးရွာအနီးမှာ ​တပ်​မ​တော်​နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ)တို့ ဇန်​န၀ါရီ ၂၈ ရက်​​ မနက်​ပိုင်းကစပြီး တိုက်​ပွဲဖြစ်နေတဲ့အတွက် ဒေသခံရွာသားတွေ ​ဘေးလွတ်​ရာထွက်​​ပြေးနေရပါတယ်​။ အုန်း​ချောင်း​ကျေးရွာ လူကြီးတ​ဦးက “အုန်း​ချောင်း ​ကျေးရွာနဲ့ အနီးဆုံးပါ၊ ​တောင်​ဦးဖက်​မှာ ဖြစ်​တာပါ။ တိုက်​ပွဲဖြစ်​တာနဲ့ ​ကျေးရွာသူ/သား အားလုံးက​တော့ ဇီ​ခေါင်း၊ ပုနန်း၊ ခရု​ချောင်း၊ တောင်​မို စတဲ့ ​​ဆွေမျိုးတွေရှိရာ ​ကျေးရွာတွေကို ထွက်​​ပြေးသွားကြတယ်​။ တိုက်​ပွဲဖြစ်​​နေတဲ့ အချိန်​မှာ​တော့ ​နေအိမ်​​တွေကို ၀င်​​ရောက်​ရှာ​ဖွေတာတွေ ရှိပါတယ်​။ ကျွဲ​တွေ နွား​တွေက​တော့ မ​နေ့ကတည်းက လွှတ်​ထားတာ ဘယ်​​ရောက်​သွားလဲ့ မသိပါဘူး။ စစ်​တပ်​က ထွက်​သွားမှ ပြန်​ရှာ​ဖွေရမှာပါ။ ဇန်​န၀ါရီ ၂၉ မနက်​က စပြီး စစ်​တပ်​က​တော အခု သမီးလှ​ကျေးရွာဘက်​ကို ထွက်​သွား​နေကြပါပြီ။ ​ရွာသူရွာသား​တွေက​တော့ ဘယ်​သူမှ ပြန်​မလာကြ​သေးပါဘူး။ ကျန်​ခဲ့တဲ့ ​ကျေးရွာသား ၁၁ ဦးကို​တော တပ်​နဲ့ နယ်​ခြား​စောင့်က ​ခေါ်ယူလက်​မှတ်​ထိုးခိုင်းပါတယ်​”လို့ ​ပြောပါတယ်​။ အုန်း​ချောင်း​ကျေးရွာမှာ​ အိမ်​​ခြေ ၁၈၀ ​ကျော်​ရှိပြီး လူဦး​ရေ ၈၀၀ ​ကျော်​ ​နေထိုင်နေကြတာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲကြောင့် ရွာသားတွေ ထိခိုက်သေဆုံးမှုမရှိပေမယ့် အုန်းချောင်းရွာထဲမှာ လက်နက်ကြီးကျည် ထိမှန်တာတွေကြောင့် လူနေအိမ်တချို့နဲ့ ဘုန်းတော်ကြီးကျောင်းက ဓမ္မာရုံလည်း ပျက်စီးသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ ဇန်န၀ါရီလ ၂၆ ရက်နေ့ ကစပြီး ရခိုင့်တပ်မတော် (အေအေ)နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။ သတင်း- ဗညား

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up