မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး ပုသိမ်မြို့တွင် ဆန္ဒထုတ်ဖော်
သော်ဇင်မျိုး
·
January 28, 2019
မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောဘုရားအနီး စာတိုက်ကုန်းမှာ ဒီကနေ့မွန်းလွဲပိုင်းက ဒေသခံတွေက ဆန္ဒပြပွဲကျင်းပပြီး တောင်းဆိုနေပါတယ်။
ဧရာဝတီတိုင်းအတွင်းက အရပ်ဖက် အဖွဲ့အစည်းတွေဦးဆောင်ပြီး ဒီကနေ့ နေ့လယ် ၂ နာရီကစတင် ဆန္ဒပြနေတာဖြစ်ပြီး စီမံကိန်းဖျက်သိမ်းရေးအတွက် ဟောပြောပွဲနဲ့ လူထုဆန္ဒ သဘောထား လက်မှတ်ကောက်ခံတာတွေကိုလည်း ပြုလုပ်နေပါတယ်။