အချစ်ဖြင့်လွမ်းစေဇာတ်ကားထဲက ပိုင်ဖြိုးသု ရွတ်ဆိုပြသည့် ကဗျာ(ရုပ်သံ)
DVB
·
January 28, 2019

နာမည်ကြီး သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသု ကဗျာရွတ်ဆိုပြထားတဲ့ ရုပ်သံဗွီဒီယို ဖိုင်ဟာ လတ်တလော မှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။
လွမ်းရာသီလို့ အမည်ပေးထားတဲ့ ဒီကဗျာကိုတော့ ကဗျာဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်)က ရေးစပ်ထားခဲ့တာဖြစ်ပြီး အချစ်ဖြင့်လွမ်းစေ ဇာတ်ကားရဲ့ ဇာတ်ဝင် ခန်းထဲမှာ အသုံးပြုထားခဲ့တာပါ။
အချစ်ဖြင့် လွမ်းစေရုပ်ရှင်ကားကိုတော့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်ကို ဂုဏ် ပြုတဲ့အနေနဲ့ စာရေးဆရာမ နုနုရည်အင်းဝရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်က ရိုက်ကူးမှာ ဖြစ်ပါတယ်။
တက္ကသိုလ်နောက်ခံ အချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကား ထဲမှာ ဒေါင်း၊ ပိုင်ဖြိုးသု၊ အိန်ဂျယ်လမုန်တို့က အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဇာတ်ကားထဲက ဇာတ်ကောင် မိုးမူယာနိုင်အနေနဲ့ ပိုင်ဖြိုးသုက ကဗျာရွတ်ဆိုပြခဲ့တာကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
လွမ်းရာသီ
မိုးမူ ဒီတစ်ခါ လွမ်းရာသီဆိုတဲ့ ကဗျာလေးကို ရွတ်ပြမယ်နော် ...
(မိုးမူယာနိုင်)
လွမ်းရာသီ
အဓိက ကတော့ သတိရတာပါပဲ ညို
တောင်ဆီမှာ မှောင်ရီသန်းပြန်တော့
လွမ်းတယ်လို့ငို
ထီတစ်လက် နှစ်ယောက်ခို
တစ်ယောက်စိုမှာ တစ်ယောက်စိုး
သစ်ရိပ်အောက် နှစ်ယောက်ဝင်
တစ်ယောက်ရင်ခွင် တစ်ယောက်တိုး
အော်…. အခုတော့… အဖော်ပြုစရာ ညိုမရှိပြီမို့ ….
ငိုမိတယ်မိုး…။
မောင်ပေါက်စည် (မန်းတက္ကသိုလ်)
ပိုင်ဖြိုးသုဟာ မနှစ်က ထွက်ရှိထားတဲ့ မီရုပ်ရှင်ကားနဲ့ အကယ်ဒမီတစ်ကြိုအဖြစ် ပရိသတ်တွေက ထင်ကြေးပေး နေကြသလို လတ်တလောမှာလည်း ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးမယ့် ထာဝရနှောင်ကြိုး ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ပိုင်ဖြိုးသုဟာ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို သရဲမ၊ ဘီလူးမနဲ့ မိန်းမပျိုရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။