Friday, June 9, 2023
HomeLead Storyဂါရတ်ဘေးလ်၏ ခြေစွမ်းကို ရီးရဲလ်ပရိသတ်များ အားမရ

ဂါရတ်ဘေးလ်၏ ခြေစွမ်းကို ရီးရဲလ်ပရိသတ်များ အားမရ

ရီးရဲလ်မက်ဒရစ်အသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုပြီးရင် ဂါရတ်ဘေးလ်ဟာ အအောင်မြင်ဆုံး ကစားသမား ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ပရိသတ်က အမြင်ကြည်လင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၅ နှစ်အတွင်း ဖလား ၁၂ လုံးထိ ရရှိထားသလို ဂိုးပေါင်း ၉၉ ဂိုးထိ သွင်းယူပေးထားသူပါ။

ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ရက်က အက်စ်ပန်ညိုနဲ့ပွဲမှာလည်း ၁ ဂိုး သွင်းယူခဲ့ပေမယ့် ပရိသတ်တွေကတော့ သူ့ရဲ့ခြေစွမ်းကို အားမရသေးဘူးလို့ ဝေဖန်နေကြပါတယ်။

ဂါရတ်ဘေးလ်ဟာ သမိုင်းတလျှောက် အင်္ဂလန်ကစားသမားထဲမှာ အအောင်မြင်ဆုံး ကစားသမားလို့ သတ်မှတ်လို့ရပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ကျော်ဖြတ်နိုင်တဲ့ အင်္ဂလန်ကစားသမား လက်ရှိအချိန်ထိ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး

ဂါရတ်ဘေးလ်ကို ပရိသတ်တွေ သဘောမကျတဲ့အချက်ဟာ ဒဏ်ရာပြဿနာ ဖြစ်နိုင်ပြီး ချန်ပီယံလိဂ်မှာ စီအက်စ်ကေအေလိုအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်တုန်းက မကျေနပ်မှုတွေ အခုထိ ရှိနေဆဲဖြစ်တယ်လို့ ဘောလုံးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ဒါ့အပြင် အသင်းရဲ့ အရေးပါဆုံး ကစားသမား ရော်နယ်ဒို မရှိချိန်မှာ အစားထိုး ခြေစွမ်းမပြနိုင်ခြင်းက ဂါရတ်ဘေးလ်အတွက် ပရိသတ် ငြိုငြင်ခံရတဲ့ အချက်လည်း ဖြစ်နေပါတယ်။

စပိန်မီဒီယာတွေကတော့ ဘေးလ်အနေနဲ့ အသင်းမှာဆက်ရှိဖို့ မသေချာတော့ဘဲ အင်္ဂလန်မြေကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ ထင်ကြေးပေး ရေးသားနေကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular