ကသာခရိုင်တွင်  ဟောင်ကောင်ကုမ္ပဏီက ဒေါ်လာ သန်း ၃၅၀ ရင်းနှီးမြှုပ်နှံမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကသာခရိုင်မှာ ဟောင်ကောင်ကုမ္ပဏီတခုကနေ သကြားစက်နဲ့ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတွေ တည်ဆောက်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၃၅၀ တန်ဖိုး ရင်းနှီးမြှုပ်နှံ သွားဖို့ ရှိနေပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံဖို့အတွက် ဇန်န၀ါရီ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပနေတဲ့ Invest Myanmar Summit 2019 မှာ နားလည်မှုစာချုပ်လွှာ MoUကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သကြားစက်ရုံဟာဆိုရင် နေ့စဉ် တန်ချိန် တသောင်း ထုတ်လုပ်နိုင်မှာဖြစ်ပြီး လျှပ်စစ်စက်ရုံ ကတော့ ၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ နားလည်မှုစာချုပ်လွှာကိုတော့ Greatwall Foodstuff  ကုမ္ပဏီနဲ့ Hong kong InternationalSuger Engineering ကုမ္ပဏီတို့ရဲ့ ဥက္ကဋ္ဌတွေက လက်မှတ်ရေးထိုးထား ခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up