နှစ်ကူးပွဲ နီးကပ်လာချိန် တရုတ်နိုင်ငံ မြို့များတွင် မီးပုံးပွဲတော် ကျင်းပ (ရုပ်သံ)

တရုတ်နှစ်သစ်ကူးပွဲတော်ကာလ နီးကပ်လာချိန်မှာ တရုတ်နိုင်ငံတလွှားက မြို့တွေမှာ မီးပုံးပွဲတော်ကို ကျင်းပနေပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ကျိကုန်းမြို့မှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ မီးပုံးရောင်စုံ ထွန်းညှိပြီး ညကို အလှဆင်ထားတာ တွေ့ရပါတယ်။ လက်နဲ့ အနုစိတ်လုပ်ထားတဲ့ ဒီမီးပုံးတွေဟာ ပွဲတော်လာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် အနုပညာမြောက်တဲ့ ခံစားချက်ကို ပေးပါတယ်။ အနားက ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမှာတော့ ကုန်စည်ပြပွဲ ပန်းခြံအတွင်း မီးပုံး သန်း ၈၀ ကို ထွန်းညှိထားတာပါ။ နှစ်သစ်ကူးပြီးရင် ဝက်နှစ်ကို ရောက်မှာဖြစ်လို့ ရွှေရောင်ဝက်ပုံ မီးပုံးတွေက ပန်းခြံအလယ်မှာ နေရာယူရင်း ခရီးသွားတွေရဲ့ အာရုံစိုက်မှုကို ရနေပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့မှာ မီးပုံးတွဲ ၅၆ မျိုးကို မြို့ပန်းခြံထဲမှာ ဆင်ယင်ထားပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ရှန်းကျိုးခရိုင်မှာတော့ မီးပုံးတွဲ ၁၅၅ တွဲကို အလှဆင်ယင်ထားပါတယ်။ "မီးပုံးပြပွဲကို မြင်ရတာ အင်မတန် စိတ်လှုပ်ရှားရတယ်။ ဒါဟာ အနှစ်ထောင်ချီရှိနေတဲ့ ရှန်းကျိုး ယဉ်ကျေးမှုကို ပြန်ဆန်းသစ်ထားတာပါ။ အင်မတန် အံ့သြ အထင်ကြီးမိတယ်" လို့ ခရီးသည် ထျန်းရှောင်ရွှမ်းက ပြောပါတယ်။ မီးပုံးတွေဟာ တရုတ်ရိုးရာ လက်မှုပညာတမျိုးပါ။ ဟန်မင်းဆက်လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်က စတင်ခဲ့ပြီး တရုတ်ပြက္ခဒိန်ရဲ့ ပထမဆုံးလ ၁၅ ရက်မှာ ကျရောက်တဲ့ မီးပုံးပွဲတော်အတွင်း အသုံးများပါတယ်။ ပွဲတော်ဟာ ဖန်တီးရေးနဲ့ ပြန်လည်ပေါင်းစည်းရေး သင်္ကေတလည်း ဖြစ်ပါတယ်။ အရင်က မီးပုံးတွေကိုလုပ်ရာမှာ ရိုးရာဓလေ့အရ ဝါးနဲ့ စက္ကူတွေကို သုံးပေမယ့် ခုတော့ ခေတ်မီနည်းပညာတွေ သုံးပြီး LED အလင်းပွင့်တွေကိုလည်း သုံးစွဲနေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up