Home
မြန်မာသတင်း
မ​ကွေးတိုင်းအတွင်း ဘိန်းစိုက်​ခင်း ဧက ၂၀ ​ကျော်​တွေ့ရှိ ဖျက်​ဆီး
DVB
·
January 28, 2019
မ​ကွေးတိုင်း​ဒေသကြီး၊ ငဖဲမြို့နယ်နဲ့ မင်းလှမြို့နယ်ထဲမှာ  ပြီးခဲ့တဲ့သီတင်းတပတ်​အတွင်း ဘိန်းခင်း ဧက​ ၂၀ ကျော်​ ရှာ​ဖွေ​တွေ့ရှိပြီး ဖျက်​ဆီးခဲ့တယ်​လို့ မ​ကွေးတိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့က သိရပါတယ်​။ ငဖဲမြို့နယ်အတွင်းရှိ တောတောင်လျှိုတွေထဲမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတွေကို ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်အတွင်း  ဘိန်းစိုက်ခင်း ဧက ၂၀ ကျော် ဖျက်ဆီးနိုင်ခဲ့သလို မင်းလှမြို့နယ် ဆင်တောင်ကျေးရွာအနီးရှိ ဆင်တောင်စောင်းမှာလည်း ဘိန်းစိုက်ခင်း ၁ ဒသမ ၁၄ ဧက ဖျက်​ဆီးနိုင်​ခဲ့တယ်​လို့ မင်းလှမြို့နယ်​ ရဲမှူးထင်​​အောင်​လင်းက ပြောပါတယ်။ “ဇန်န၀ါရီ ၂၂ရက်မနက်က စတင်ပြီး အုန်း​စော​ကျေးရွာ၊ နတ်​​တောင်​​ကျေးရွာဘက်​​တွေက​ တောတွင်းလျို​မြောင်​​တွေထဲမှာ ဘိန်းခင်းတွေ စိုက်​ပျိုးမှု ရှိမရှိ​တောနင်း ရှာ​ဖွေခဲ့ကြပါတယ်​။ အဲဒီကတဆင့် ဇန်​နဝါရီ ၂၃ရက်​ မနက်​ ၁၁ နာရီခွဲအချိန်​မှာ ဆင်​​တောင်​​ကျေးရွာဘက်​က ​တောတွင်းလျို​မြောင်​​တွေထဲကို ထပ်​မံ​ တောနင်းရှာ​ဖွေခဲ့ကြရတယ်​”လို့​ပြောပါတယ်​။ ငဖဲမြို့နယ်​မှာ ၂၀၁၈ ဒီဇင်​ဘာလကလည်း ​တောင်​​ပေါ်​ဒေသ​တွေမှာ ဘိန်းစိုက်ခင်း ဧကပေါင်း ၁၈ ဧကကို ပူး​ပေါင်း စစ်​​ကြောင်းတွေနဲ့  ဖျက်​ဆီးခဲ့တယ်​လို့ ငဖဲမြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူး ဝင်း​မောင်​က ​ပြောပါတယ်​။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024