အမေရိကန် အစိုးရလုပ်ငန်းများ ပြန်လည်စတင်မည့် ဥပဒေကြမ်း လက်မှတ်ရေးထိုး

အမေရိကန် အစိုးရလုပ်ငန်းတွေ ပြန်လည်စတင်မယ့် ဥပဒေကြမ်းတွေကို အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက ဇန်န၀ါရီ ၂၅  ရက်နေ့မှာ လက်မှတ် ရေးထိုးလိုက်ပါတယ်။ အဲဒီ သဘောတူညီချက်ဟာ နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် သမ္မတ ထရမ့်တောင်းဆိုတဲ့ ဒေါ်လာ ၅.၇ ဘီလျံ မပါဝင်တဲ့ အစိုးရရန်ပုံငွေ ခွင့်ပြုချက်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ၃၅ ရက်ကြာ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်တန့်မှုကို အဆုံးသတ်စေပြီး ဒါဟာ ဒီမိုကရက်တွေရဲ့ နိုင်ငံရေး အောင်ပွဲလည်း ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ရီပတ်ဘလီကန် ဦးဆောင်တဲ့ အထက်လွှတ်တော်မှာ ဆွေးနွေးပြီးနောက် ဒီမိုကရက်တွေ ထိန်းချုပ်ရာ  အောက်လွှတ်တော်ကို ရောက်ရှိလာခဲ့တာပါ။ ဒါကြောင့် အမေရိကန်-မက္ကဆီကို နယ်စပ် လုံခြုံရေးပြဿနာတွေကို ဖြေရှင်းဖို့ရာ လွှတ်တော်အမတ်တွေ အကြေအလည်ဆွေးနွေးဖို့ လမ်းခင်းပေးတာပဲဖြစ်ပါတယ်။ နယ်စပ်တံတိုင်း ရန်ပုံငွေမရဘဲ သဘောတူလိုက်တာဟာ ပုံမှန်အားဖြင့် အလျှော့မပေးတတ်တဲ့ သမ္မတ ထရမ့်အဖို့ အံ့အားသင့်ဖွယ် နောက်ဆုတ်မှုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတထရမ့်က နယ်စပ်လုံခြုံရေး ဆွေးနွေးညှိနှိုင်းမှု ရလဒ်တွေကို သူ့အနေနဲ့ သဘောမကျရင် လာမယ့် ဖေဖော်ဝါရီ  ၁၅ ရက်နေ့မှာ အစိုးရလုပ်ငန်း ရပ်တန့်မှုပြန်လည် စတင်မယ်၊ ဒါမှမဟုတ် နယ်စပ်တံတိုင်း ရန်ပုံငွေရဖို့ အမျိုးသား အရေးပေါ်အခြေနေကို ထုတ်ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up