ရန်ကုန်မြို့စွန်ရှိ စာသင်ကျောင်းများကို ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်စစ်ဆေး
DVB
·
January 25, 2019
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဝင်ရောက်စစ်ဆေးပါတယ်။
လှိုင်သာယာ အ.ထ.က (၁)၊ အထက်တန်းကျောင်းခွဲ (၅)နဲ့ အ.မ. က (၅) စတဲ့ ကျောင်းသုံးကျောင်းကို ဝင်စစ်ဆေးခဲ့တာပါ။
ဒီလိုစစ်ဆေးခဲ့ရာမှာ ကျောင်းတာဝန်ရှိသူတွေက လိုအပ်တဲ့ ကျောင်းသုံး အသုံးအဆောင်တွေနဲ့ ကျောင်းရဲ့လိုအပ်ချက်တွေကို တင်ပြခဲ့ပြီး ဒီတင်ပြချက်တွေကို ဖြည့်ဆည်းပေးဖို့ ပညာရေးဝန်ကြီးနဲ့ သက်ဆိုင်ရာ တိုင်းဝန်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်လမ်းကြောင်း တလျောက်မှာ လှိုင်သာယာမြို့နယ်က အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ပြည်သူအများအပြားက လာရောက် ကြိုဆိုခဲ့ကြပါတယ်။