DVB Logo
Home
သတင်းတို
ပိတ်ဆို့ဒဏ်ခတ်မှု ဖြေလျော့ပေးခြင်းကို ထောက်ခံကြောင်း ဒေါ်စုပြော
DVB
·
September 19, 2012
ပိတ်ဆို့ဒဏ်ခတ်မှု ဖြေလျော့ပေးခြင်းကို ထောက်ခံကြောင်း ဒေါ်စုပြော
Donate to DVB

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးလိုက်တာကို ထောက်ခံတယ် လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာကျင်းပတဲ့ Asia Society အဖွဲ့က ချီးမြှင့်တဲ့ Global Vision ဆုပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးတာကို ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ပြည်သူတွေဟာ ကိုယ့်ကြမ္မာကိုယ် စပြီး ဖန်တီးကြရတော့မှာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု အရှိန်အဟုန်ကို ဆက်ထိမ်းထားဖို့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေအပေါ် မှီခိုနေဖို့ မသင့်တော့ဘူးလို့ ထင်ပါတယ်။ ကျမတို့ဘာသာ ကျမတို့ လုပ်ရမှာပါ။ ကျမတို့ရဲ့ ဒီမိုကရေစီခရီး လမ်းဆုံးရောက်ဖို့ အမေရိကန်အနေနဲ့ ကူညီဖို့ တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်အောင်ဆန်းစုကြည်က အရင်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ အတွက် ကျေးဇူးတင်ကြောင်း၊ အထောက်အကူလည်း ဖြစ်စေကြောင်း၊ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် မြန်မာပြည်ရဲ့ စီးပွားရေး ထိခိုက်တယ်ဆိုတာကို သဘောမတူတဲ့ အကြောင်း၊ ဒဏ်ခတ်မှုတွေကြောင့် နိုင်ငံရေးအရ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013