Saturday, June 10, 2023
HomeLead Storyယခုနှစ် ဘောလုံးရာသီအကုန်တွင် အက်ရှ်လေကိုးလ် အနားယူတော့မည်

ယခုနှစ် ဘောလုံးရာသီအကုန်တွင် အက်ရှ်လေကိုးလ် အနားယူတော့မည်

အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း အက်ရှ်လေကိုးလ်က ဒီနှစ် ဘောလုံးရာသီအကုန်မှာ ဘောလုံးကစားတာကနေ အနားယူတော့မယ်လို့ ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ် ဘယ်နောက်ခံလူ အက်ရှ်လေကိုးလ်ကို ချန်ပီယံရှစ် ဒါဘီကလပ်က အငှားစာချုပ်နဲ့ ခေါ်ယူထားတာပါ။

သူ့ကို ချဲလ်ဆီး အသင်းဖော်ဟောင်းနဲ့ ဒါဘီနည်းပြဖြစ်တဲ့ လမ်းပတ်က ခေါ်ယူလိုက်တာပါ။

ကိုးလ်ဟာ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်ဂလက်စီ အသင်းမှာ ကစားခဲ့ပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက်တော့ ပွဲပေါင်း ၁၀၇ ပွဲ ကစားပေးထားပါတယ်။

ကိုးလ်ဟာ အာဆင်နယ်နဲ့အတူ ကစားသမားဘဝ စတင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ် ရယူခဲ့ပါတယ်။

ဘယ်နောက်ခံလူ အက်ရှ်လေကိုးလ်ဟာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရရှိခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular