ရှစ်လေးလုံးအရေးတော်ပုံ ကျဆုံးသူများအတွက် ဂုဏ်ပြုအခမ်းအနား ဟန့်တားခံရ
DVB
·
September 19, 2012

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ ကြည့်မြင်တိုင်မြို့နယ်က မ၀င်းမော်၊ ကိုတင်ထွန်းနဲ့ ကိုသန်းဌေးတို့ရဲ့ ၂၄ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကို သက်ဆိုင်ရာက ဟန့်တားတဲ့အတွက် ဆွမ်းဆက်ကပ်မှုကိုပဲ ပြုလုပ်ခွင့်ရခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်း ပြုလုပ်တဲ့ ဒီအခမ်းအနားမှာ ဟောပြောတာတွေ၊ အသံချဲ့စက် အသုံးပြုတာတွေနဲ့ အခြားလှုပ်ရှားမှု အစီအစဉ်တွေကို မလုပ်ဖို့ နယ်မြေအာဏာပိုင်တွေဆီမှာ လက်မှတ်ထိုးခဲ့ ရတယ်လို့ သိရပါတယ်။
[caption id="attachment_31001" align="alignleft" width="300" caption="ဒီနေ့ မနက်ပိုင်းပြုလုပ်ခဲ့တဲ့ မ၀င်းမော်၊ ကိုတင်ထွန်းနဲ့ ကိုသန်းဌေးတို့ရဲ့ ၂၄ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနား"]
[/caption]
ဒီအခမ်းအနားကို ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာရှိတဲ့ ဘုရားငါးဆူ တန်ဆောင်းမှာ ပြုလုပ်ခဲ့တာပါ။
မ၀င်းမော်၊ ကိုတင်ထွန်းနဲ့ ကိုသန်းဌေးတို့ဟာ ၁၉ ရက် ၉ လ ၁၉၈၈ ရက်နေ့မှာ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဆူးလေဘုရားနဲ့ ကုန်သည်လမ်းထောင့် အနီးမှာ သေနတ် ထိမှန်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကျဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
အခမ်းအနားမှာ ၈၈ မှာကျဆုံးခဲ့တဲ့ မ၀င်းမော်ဦးအတွက် ဦးမင်းကိုနိုင် ဂုဏ်ပြုရေးသားတဲ့ ကဗျာကို ဦးဇော်မင်းက ဖတ်ကြားဂုဏ်ပြုသွားခဲ့ပါတယ်။
ကျန်ရစ်သူ မိသားစုဝင်တွေအနေနဲ့ နှစ်စဉ် သူတို့အတွက် ဆွမ်းကပ် အလှူပေးခဲ့ကြပြီး အာဏာပိုင်တွေရဲ့ ခြိမ်းခြောက် ဟန့်တားမှုတွေကိုလည်း ခံခဲ့ကြရတယ်လို့ သိရပါတယ်။
အခုအချိန်မှာ အစိုးရထိပ်တန်းခေါင်းဆောင်တွေ ကိုယ်တိုင် အပြောင်းအလဲတွေ လုပ်နေပေမယ့်လည်း အခုလို ဟန့်တားပိတ်ပင်မှုတွေ ဆက်ရှိနေတဲ့အပေါ်ကိုလည်း မိသားစုဝင်တွေက ဝေဖန်ပြောဆိုသွားပါတယ်။
