အာမခံငွေ ကျပ်သိန်း ၁၀၀၀၀ ပိုင်ဆိုင်မှုပြနိုင်မှ ဒေါ်နန္ဒမာလာကို ပြန်လွှတ်ပေးမည်
DVB
·
January 24, 2019
ငွေကြေးလိမ်လည်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ဒေါ်နန္ဒမာလာကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ဇန်နဝါရီ ၂၄ ရက်နေ့ မနက်က ရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားမှုမှာ ကျပ်သိန်း ၅၀၀၀ နှစ်ဦးကို သိန်းတစ်သောင်းနဲ့ အာမခံပေးလိုက်ပါတယ်။
ဒီနေ့ ရုံးချိန်မှာတော့ အာမခံပေးထားသူ တဦးပဲရှိတဲ့အတွက် ချုပ်ရက်ယူလိုက်ပြီး လာမယ့် ၃၁ ရက်နေ့ ရုံးချိန်းမှာ အာမခံငွေပမာဏ သိန်းတသောင်းပိုင်ဆိုင်မှုပြနိုင်မှ ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ တရားလိုရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စိုးစိုးနွဲ့က ပြောပါတယ်။
ဒေါ်နန္ဒမာလာကို ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်မှုတွေနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်၊ လှိုင်မြို့နယ်နဲ့ မန္တလေးတိုင်း မဟာအောင်မြေတရားရုံးတွေမှာ တရားစွဲဆိုထားတာပါ။
ဒေါ်နန္ဒမာလာဟာ သူ့ဆီလာပြီး အကြားအမြင်မေးသူတွေထံကနေ ကျပ်သိန်းပေါင်း တသိန်းကျော် လိမ်လည်ထားတယ်လို့လည်း စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။
ဒေါ်နန္ဒမာလာအကြောင်းကို ကြည်ညိုဖွယ်ရာ သာသနာပြုပုဂ္ဂိုလ်ဆိုပြီး လူသိများတဲ့ ရုပ်သံဌာနတခုက ရိုက်ကူးတင်ဆက်ခံရသူလည်း ဖြစ်ပါတယ်။