Home
မြန်မာသတင်း
မဲခေါင်-လန်ချန်းအစီအစဉ်အရ စီမံကိန်း ၁၉ခုအတွက် ဒေါ်လာ ၇ ဒသမ ၃ သန်း မြန်မာရရှိ
DVB
·
January 24, 2019
50226109_1073571869509774_5256943445208989696_o
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဆောင်ရွက်မယ့် မြန်မာနိုင်ငံရဲ့ စီမံကိန်း ၁၉ ခုအတွက် အမေရိကန်ဒေါ်လာ ၇.၃ သန်းနီးပါး တရုတ်နိုင်ငံက  လွှဲပြောင်းပေးအပ် သွားဖို့ရှိနေတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ဒုတိယအသုတ် အနေနဲ့ မြန်မာနိုင်ငံ ဝန်ကြီးဌာန ၈ ခုက အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိတဲ့ စီမံကိန်း ၁၉ခု အတွက် ရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးပွဲကို မနေ့က နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပြီး နှစ်နိုင်ငံ တာဝန်ရှိသူတွေတက်ရောက် လက်မှတ် ရေးထိုးခဲ့ကြတာပါ။ ဒီအစီအစဉ်ရ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ပညာရေး၊ သုတေသန၊ လူမှု ဖူလုံရေးဆိုင်ရာကဏ္ဍတွေမှာ စီမံကိန်းတွေ အကောင်အထည်ဖေါ်ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ဒီစီမံကိန်း၁၀ခုအတွက် အမေရိကန်ဒေါ်လာ ၂.၄ သန်းလောက်ကို တရုတ်နိုင်ငံက လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဟာ မဲခေါင်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်မှာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာ  ဖြစ်ပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024