Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
January 24, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအ တွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Super- natural အမျိုးအစားရုပ်ရှင်ပရိသတ်တွေ နှစ်သက်ကြမယ့် Glass ! ဒီကားကိုတော့ အိန္ဒိယဖွား ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ M. Night Shyamalan က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီးရုပ်ရှင်ကုမ္ပဏီ Universal Pictures က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ Glass ရုပ်ရှင်ကားဟာ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Unbreakable နဲ့ Split ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲ ၃ ကားမြောက်အဖြစ် ထွက် လာခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ Unbreakable ရုပ်ရှင်မှာတော့ နာမည်ကြီးမင်းသား Bruce Willis နဲ့ Samuel L Jackson တို့ အဓိကသရုပ်ဆောင်ထားပြီး Bruce Willis ဟာ ပြင်းထန်တဲ့ ရထားလမ်း ချော်တိမ်းမှောက်မှုမှာ ထူးခြားဆန်းကြယ်စွာပဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သဘာဝ လွန်စွမ်းအားတွေရှိသူတယောက်အဖြစ်ပါဝင်ထားပြီး Samuel L. Jackson ကတော့ လူကောင်းတယောက်ကနေ Criminal Mastermind-ဒုစရိုက်ဉာဏ်ကြီးရှင် တယောက် အဖြစ် ပြောင်းလဲသွားတဲ့ ဗီလိန်နေရာက သရုပ်ဆောင်ထားခဲ့တာပါ။ ဒုတိယဇာတ်ကား Split  မှာတော့ သရုပ်ဆောင်မင်းသား James McAvoy  က သဘာဝလွန်စွမ်းအားတွေရှိပြီး စရိုက် ၂၄ မျိုးရှိတဲ့ စိတ်ဝေဒနာရှင် လူသတ်သမားနေရာ က သရုပ်ဆောင်ထားခဲ့တာပါ။ ခုထွက်ရှိလာတဲ့ Glass ရုပ်ရှင်ကားထဲမှာတော့ ပြီးခဲ့တဲ့ ရုပ်ရှင် ၂ ကားထဲက သူတို့ ၃ ဦးစလုံးပါဝင်လာပြီး  ဘယ်လိုလှည့်ကွက်တွေ၊ အချိုးအ ကွေ့တွေ၊ အားပြိုင်မှုတွေနဲ့ ပုံဖော်ရိုက်ကူးထားမလဲဆိုတာကို ပရိသတ်တွေက ဒီကား ထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၂၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 7.2 ထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားကို  ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့ ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး Box Office မှာတော့ ၀င်ငွေ ၈၉ ဒဿမ ၁ သန်း ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Adventure Family Fantasy အမျိုးအစား ရုပ်ရှင်ကြိုက်ပရိသတ်တွေအတွက် The Kid Who Would Be King !     ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ 20th Century Fox က တင်ဆက် လိုက်တာဖြစ်ပြီး ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Joe Cornish က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     Alex Elliott ဟာ သာမန် ဆယ်ကျော်သက် ကျောင်းသားလေးတယောက်အဖြစ် ပုံမှန် ဖြတ်သန်းနေသူတယောက်ပါ။ ဒါပေမယ့် တနေ့မှာတော့ King Arthur ရဲ့ နာမည် ကျော် Excalibur ဓားကို ရခဲ့ချိန်မှာတော့ သူ့ရဲ့ ဖြတ်သန်းနေထိုင်မှုဟာ ရုတ်တရက် ပြောင်းလဲသွားပါတော့တယ်။ ကောင်လေး Alex နဲ့ သူ့ရဲ့ သူငယ်ချင်းတွေဟာ ကမ္ဘာကို ကြီးစိုးဖို့ ကြံစည်နေတဲ့ ဗီလိန် စုန်းမ Morgana နဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေဆက် ဖြစ် လာမလဲ။ Morgana ရဲ့ ရန်သူ စုန်းအိုကြီး MerLin ကရော ဒီအခြေအနေထဲမှာ ဘယ်လို ပါဝင်လာမလဲဆိုတာတွေကို ဒီကားထဲမှာ စွန့်စားတိုက်ခိုက်မှုတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာပါ။     ဒီကားထဲမှာ ဗြိတိန် ကလေးသရုပ်ဆောင်မင်းသား Louis Ashbourne Serkis, ဆွီဒင်သရုပ်ဆောင် မင်းသမီး Rebecca Ferguson နဲ့ ဟောလိဝုဒ်သရုပ်ဆောင် မင်းသားကြီး Patrick Stewart တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြတာပါ။     ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ ကလေးတွေအတွက် မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။     ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 5.8 ထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။     ကြာမြင့်ချိန်မိနစ် ၁၂၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ လေးပါးကျော့ရှိန် ၀ရဇိန် ! ဒီကားကိုတော့ အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အောင်ကြီးရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးပေးထား တာ ဖြစ်ပါတယ်။ေ၀၀ါး၊ ကြက်ဖ၊ ဆံရှည်၊ ပွဲစား စတဲ့ လူငယ် ၄ ယောက်ရဲ့ မတူညီတဲ့ ဘ၀တွေ၊ ချစ်စရာကောင်းတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ လူသားတွေ တဦးနဲ့ တဦးကြား မေတ္တာတ ရားတွေ ထားရှိကြဖို့ အရေးကြီးတဲ့ အကြောင်းကို မီးမောင်းထိုးပြထားတဲ့ ဒီကားကိုတော့ ဂေါ်ရင်ဂျီကျွန်းရဲ့ အလှအပတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ စည်ဖြိုး၊ ပိုင်ဖြိုးသုတို့နဲ့အတူ မင်းသမီးတွေဖြစ်ကြတဲ့ ပိုင် ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်တို့ကလည်း တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စွန့်စွန့်စားစား အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုကြရမယ့် ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်ရှိနေ ခဲ့ပါတယ်။ ဒီကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Animation ရုပ်ရှင် ပရိသတ်တွေအကြိုက် Tito and the Birds !     ဒီကားကိုတော့ ဘရာဇီးရုပ်ရှင် ဒါရိုက်တာတွေဖြစ်ကြတဲ့ Gabriel Bitar, André Catoto နဲ့ Gustavo Steinberg တို့က ပူးတွဲပုံဖော်ရိုက်ကူးခဲ့ကြတာဖြစ်ပြီး Shout ! Studios က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။     Tito ဟာ ရှက်တတ်တဲ့ ၁၀ နှစ်အရွယ် ကောင်လေးတယောက်ဖြစ်ပြီး သူ့ရဲ့ မိခင် နဲ့ အတူနေထိုင်ပါတယ်။ သူ့ရဲ့ ဖခင်ကတော့ သိပ္ပံသုတေသနပညာရှင်တယောက်ဖြစ်ပါ တယ်။ တနေ့မှာတော့ ရုတ်တရက်ပဲ လူတွေဟာ ကပ်ရောဂါတခုကြောင့် ဖျားနာကြ တယ်။ ဒါကို ကယ်တင်နိုင်မယ့် နည်းလမ်းကတော့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူ လုပ် ဆောင်ခဲ့တဲ့ ကျေးငှက်တွေရဲ့ တေးသံနဲ့ ပတ်သက်တဲ့ သုတေသနနဲ့ ဆက်စပ်နေတယ် ဆိုတာကို သိလိုက်ရချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။  Tito ဟာ သူ့ရဲ့ သူငယ် ချင်းတွေနဲ့အတူ ရှာပုံတော်ဖွင့်ခဲ့ချိန်မှာတော့ ရှာတွေ့နိုင်ပါ့မလား။ ဘာတွေများဆက်ဖြစ် လာလိမ့်မလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဆီဆေးပန်းချီကားတွေ၊ Digital Drawings တွေ၊ Graphic Animations တွေနဲ့ ထူးထူးခြားခြား ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 7.6 ထိ ရရှိ ထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၇၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပေါ်တူဂီဘာသာစကားကို အသုံးပြု ထားပြီး အင်္ဂလိပ်လို စာတန်းထိုးပေးထားပါတယ်။ ဒီကားဟာ နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ Official Selection အဖြစ် ရွေးချယ်ခံခဲ့ရပြီး ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ကနဦး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ နာ မည်ကြားလိုက်တာနဲ့ ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်မယ့် မြန်မာရုပ်ရှင်ကား - အဓိပတိ လမ်းက နဂ္ဂတစ်များ !     ဒီကားကိုတော့ သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ နီကိုရဲရဲ့ နာမည်ကြီးဝတ္ထုကို ဒါရိုက်တာ ကျော်ဇောလင်းက ပုံဖော်ရိုက်ကူး ပေးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားကတော့ အမြဲတမ်း တလွဲတချော်ဖြစ်နေတတ်တဲ့ ခပ်ကြောင်ကြောင် ကောင်လေးတယောက်နဲ့ အရာရာကို လေးလေးနက်နက်သဘောထားတတ်တဲ့ ကောင် မလေးတယောက် တက္ကသိုလ်မှာ ဆုံကြတဲ့ ဇာတ်လမ်းဖြစ်ပြီး ချစ်သူတွေဖြစ်ကြပြီး နောက် လွဲချော်မှုတွေကြောင့် သူတို့ ၂ ဦးကြား ပြဿနာတွေတက်ကြရတဲ့ ဇာတ်လမ်း ကို ရိုက်ကူးပုံဖော်ပေးထားတာပါ။     ဒီကားကို အရင်က နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ လွင် မိုး၊ ထွန်းအိန္ဒြာဗိုတို့နဲ့ ရိုက်ကူးခဲ့ဖူးပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ရုပ်ရှင်ကားတကားဖြစ် ပါတယ်။ ခုရုပ်ရှင်မှာတော့ ရန်ကုန်တက္ကသိုလ်မဟာတန်းကျောင်းသား ကျောင်းသူတွေ အဖြစ်ကျောရိုးယူရိုက်ကူးထားတာမို့ ပုံစံတမျိုးနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါ တယ်။     ဒီကားထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ၀တ်မှုန်ရွှေရည်တို့နဲ့အတူ ရဲအောင်၊ ယွန်း ရွှေရည်နဲ့ တခြားဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါ တယ်။     ဒီကားရဲ့ Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ တသန်းကျော်ရှိနေခဲ့ပါတယ်။     ဒီကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024