A d v e r t i s e m e n t With Us

စစ်တပ်က သိမ်းထားသည့် လယ်မြေများကိစ္စ ကော်မရှင်ကို တင်ပြရန် တိုက်တွန်း

ရှမ်းပြည်နယ် သီပေါမြို့နယ် ကျေးရွာတွေမှာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိအောင် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မရှင်ကို တင်ပြကြဖို့ ကော်မရှင်ဥက္ကဋ္ဌ ဦးရဲထွန်းက တိုက်တွန်းလိုက်ပါတယ်။ သီပေါမြို့နယ် ပတ်ဝန်းကျင် မန်လီ၊ နားကန့် ရွာတွေက လယ်တွေကို သံချပ်ကာ တပ်ရင်းက သိမ်းထားပြီး တောင်သူတွေက ၁ သီးစိုက်ရင် ကျပ်ငွေ ၁ သောင်းပေးရကြောင်း၊ ဒါကိုလည်း ဘယ်အချိန် ပြန်ရုပ်သိမ်းမယ် မသိနိုင်တဲ့အတွက် တောင်သူတွေ စိုးရိမ်ပူပန်မှုရှိနေကြောင်း၊ အဲဒီ တရွာတည်းမှာပဲ အသိမ်းခံလယ် ဧကပေါင်း ထောင်နဲ့ချီ ရှိတယ်လို့ ပြောပါတယ်။ လက်ရှိ လယ်ယာမြေအသိမ်းခံရမှုတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကော်မတီဟာ တဖွဲ့မှာ အများဆုံး ၇ ယောက်ပါတဲ့ အဖွဲ့ ၉ ဖွဲ့ခွဲပြီး တနိုင်ငံလုံးကို ကွင်းဆင်း စုံစမ်းစစ်ဆေးနေတဲ့ အချိန်လည်း ဖြစ် ပါတယ်။

A d v e r t i s e m e n t With Us

More News
Up