Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးခွန်းပေါင်း ၂၅၀ မေးမြန်းအစီအစဉ်ရှိနေ
DVB
·
January 23, 2019
လာမယ့် ဖေဖော်ဝါရီမှာ ကျင်းပမယ့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းပေါင်း ၂၅၀ လောက် ကိုယ်စားလှယ်တွေက မေးမြန်းဆွေးနွေးဖို့ ရှိနေတယ်လို့ တိုင်းလွှတ်တော်က ထုတ်ပြန်ထားပါတယ်။ ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လျာထားတာကို ထုတ်ပြန်လိုက်တာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက လွှတ်တော်မှာ လာရောက်ဖြေကြားရမယ့် ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၁၆၄ ခု၊ စာနဲ့ပဲ ပြန်ကြားဖြေဆိုရမယ့် ကြယ်ပွင့်မပြမေးခွန်း ၈၅ ခု ရှိနေတာပါ။ ဒါ့အပြင်  အဆို ၂ ခုလည်း တင်သွင်းဖို့ ရှိနေပါတယ်။ စစ်ကိုင်းမဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ကြယ်ပွင့်မပြမေးခွန်း ၁၂ ခု၊ ကြယ်ပွင့်ပြမေးခွန်း ၂ ခု တင်သွင်းထားတာကြောင့် အများဆုံး ဖြစ်ပါတယ်။ ဗန်းမောက်  ၂ မဲဆန္ဒနယ် က ကိုယ်စားလှယ် ဦးညီညီဟန်က ကြယ်ပွင့်ပြမေးခွန်းချည်းပဲ ၁၀ ခု မေးမြန်းဖို့ တင်သွင်းထားပြီး မြောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါ်အေးမြတ်မွန်က ကြယ်ပွင့်မပြ မေးခွန်းချည်း ၈ ခု တင်သွင်းထားပါတယ်။ စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် အယောက် ၁၀၀ ရှိပြီး မေးခွန်းနဲ့အဆို တင်သွင်းထားတဲ့ ကိုယ်စားလှယ် စုစုပေါင်း ၅၆ ယောက်ရှိပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် ၂ ယောက် ကလည်း မေးခွန်း ၂ ခု မေးဖို့ တင်သွင်းထားပါတယ်။ စစ်ကိုင်းတိုင်းလွှတ်တော်ရဲ့ ၁၆ ကြိမ်မြောက် အစည်းအဝေးတွေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ အောက်တိုဘာလ ၈ ရက်အထိ ကျင်းပခဲ့ပြီး အခု ၁၇ ကြိမ်မြောက် အစည်းအဝေးကိုတော့ ဖေဖော်ဝါရီ ၄ ရက်မှာ စတင်ကျင်းပဖို့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024