DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုသူ ၂ သန်းကျော်ရှိနေသည့် လေးပါးကျော့ရှိန်ဝရဇိန်ရုပ်ရှင်ကား(နမူနာ)
DVB
·
January 23, 2019
ကြည့်ရှုသူ ၂ သန်းကျော်ရှိနေသည့် လေးပါးကျော့ရှိန်ဝရဇိန်ရုပ်ရှင်ကား(နမူနာ)
Donate to DVB

နာမည်ကြီး မင်းသားလေးယောက် အထူးသရုပ်ဆောင်ထားတဲ့ လေးပါးကျော့ရှိန် ၀ရဇိန် မြန်မာ ရုပ်ရှင်ကားကို လာမယ့် ဇန်န၀ါရီ ၂၅ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အောင်ကြီးရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ သားညီက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ေ၀၀ါး၊ ကြက်ဖ၊ ဆံရှည်၊ ပွဲစားစတဲ့ လူငယ် ၄ ယောက်ရဲ့ မတူညီတဲ့ ဘ၀တွေ၊ ချစ်စရာကောင်းတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ လူသားတွေတဦးနဲ့ တဦးကြား မေတ္တာတ ရားတွေ ထားရှိကြဖို့ အရေးကြီးတဲ့ အကြောင်းကို မီးမောင်းထိုးပြထားတဲ့ ဒီကားကိုတော့ ဂေါ်ရင်ဂျီကျွန်းရဲ့ အလှအပတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာပါ။

ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ စည်ဖြိုး၊ ပိုင်ဖြိုးသုတို့နဲ့အတူ မင်းသမီးတွေဖြစ်ကြတဲ့ ပိုင်ဖြိုးသု၊ ရွှေ သမီး၊ သံသာမိုးသိမ့်တို့ကလည်း တွဲဖက်ပါဝင်ထားကြပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စွန့်စွန့်စားစား အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုကြရမယ့် ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်ရှိနေခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013