Home
မြန်မာသတင်း
ဆီဆိုင်မြို့တွင် လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများဖမ်းမိ
DVB
·
January 23, 2019
ရှမ်းပြည်နယ်၊ ဆီဆိုင်​မြို့နယ်​၊  မြကန်​သာရပ်​ကွက်​မှာ မူးယစ်​​ဆေးဝါးတွေနဲ့ ​သေနတ်​တလက်​၊ ကျည်​​လေး​ထောင့်၊ လက်​ပစ်​ဗုံးတလုံးကို ဇန်​န၀ါရီ ၂၂ ရက်​​ မနက်​ပိုင်းက တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ စခန်းမှူး ဇော်မင်းလွင်က ပြောပါတယ်​။ ဈေးနားရပ်​ထားတဲ့ VEGO အဖြူ​ရောင်​ ကားတစီးကို မသင်္ကာလို့ သွားရှာကနေ လိုင်စင်မဲ့ကားဖြစ်နေတဲ့အတွက် ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါတွေနဲ့ လက်နက်တွေကို တွေ့ရှိခဲ့တာလို့ ဆီဆိုင်မြို့မ ရဲစခန်းမှူးက ပြောပါတယ်။ ကားအတွင်းပိုင်းမှာ ကာလတန်​ဖိုး ကျပ်သိန်း ၁၅၀ နီးပါးလောက်ရှိတဲ့ wy စာတမ်းပါ မူးယစ်​​ဆေးပြား ၉၈၀၀ နဲ့ ​ဒေသန္တရလုပ်​ ​သေနတ်​တလက်​၊ ကျည်​လေးထောင့်၊ တရုတ်​လုပ်​ လက်​ပစ်​ဗုံး တလုံး​တွေ့ရှိပြီး တရားခံနှစ်ဦးကိုလည်း  ဖမ်းဆီးရမိခဲ့တာပါ။ တရားခံ ​မြကန်သာ​ရပ်ကွက်​​နေ စိုင်း​နော်​(ခ)စိုင်း​နောင့်​နဲ့ ​အောင်​သ​ပြေရပ်​ကွက်​နေ ​မောင်​​မောင်​ဦးတို့ကို ဆီဆိုင်​မြို့မ ရဲစခန်းက မူးယစ်​​ဆေးဝါးနဲ့ စိတ်​ကို​ပြောင်းလဲ​စေတဲ့ ဥပ​ဒေ ပုဒ်​မ ၁၉၊ ၂၁၊ ၂၂၊ ၂၂(ခ) တွေနဲ့ အမှုဖွင့် အ​ရေးယူထားပါတယ်​။ ဆီဆိုင်​မြို့နယ်​မှာ မူးယစ်​​ဆေးဝါး ​လျော့ချ​ရေးအတွက်​မကြာခဏ ​ရှောင်​တခင်​ ပိတ်​ဆို့ စစ်​​ဆေးနေသလို  ပညာ​ပေး​တွေလည်း ဆောင်ရွက်နေပါတယ်။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024