ထိုင်းမှာ စစ်တပ်အာဏာသိမ်းခြင်း (၆) နှစ်အလွန်
DVB
·
September 19, 2012
လွန်ခဲ့တဲ့ ၆ နှစ်က အခုလို စက်တင်ဘာလထဲမှာပဲ အဲဒီတုန်းက ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်န၀ပ် လက်ထဲကနေ ထိုင်းဘုရင့်တပ်မတော်က အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်း လိုက်တာကြောင့် ထိုင်းမှာ ၀န်ကြီးချုပ်သက်ဆင်ကို ထောက်ခံတဲ့ အနီအုပ်စုနဲ့ အ၀ါအုပ်စု ဆိုတဲ့အုပ်စုနှစ်ခု ကွဲသွားပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာရောက်နေတဲ့ သတင်းထောက် ကန်နစ်ကာ ပတ်ခ်ျခူဝ် (Kannikar Petchkaew)က လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ အခြေအနေ၊ အဲဒီအာဏာသိမ်းမှုနဲ့ပတ်သက်လို့ အခုကာလ ထိုင်းလူမျိုးတွေရဲ့ ခံစားချက်တွေကို မေးမြန်းတင်ပြထားပါတယ်။