Home
မြန်မာသတင်း
လူတိုင်းအင်တာနက်သုံးနိုင်ခွင့်ပိုရသော်လည်း လွတ်လပ်မှုကျဆင်း
DVB
·
January 22, 2019
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း  လူတိုင်းအင်တာနက်သုံးနိုင်တဲ့ အခွင့်အရေးပိုရလာပြီး အွန်လိုင်း လွတ်လပ်မှုမှာတော့ ဆုတ်ယုတ် ကျဆင်းသွားတယ်လို့ မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ် တက်ရောက်သူတွေက မှတ်ချက်ပေးကြပါတယ်။ ရန်ကုန်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်မှာ  သဘောထားအမြင်တွေ ပေးခဲ့ကြတာလို့ အဲဒီဖိုရမ်က ထုတ်ပြန်တာပါ။ ဖိုရမ်တက်ရောက်လာသူ တဝက်နီးပါးက အွန်လိုင်းလွတ်လပ်ခွင့် အခြေအနေ ပိုပြီးဆိုးရွား ကျဆင်းလာတယ်လို့ ယုံကြည်ကြပြီး ၃၄ ရာခိုင်နှုန်းကတော့ ထူးထူးခြားခြားပြောင်းလဲတာ မရှိဘူး ထင်ကြောင်း၊ လေးပုံတပုံကတော့ လွတ်လပ်မှု ပိုရှိလာတယ်လို့ ဖြေဆိုခဲ့ပါတယ်။ အွန်လိုင်းပေါ်က ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံပိုင်ခွင့်နဲ့ လုံခြုံရေး အကြောင်းအရာ ကိစ္စရပ်တွေမှာ ပိုပြီးဆိုးလာတယ်လို့ တက်ရောက်လာသူ ၇၀ ရာခိုင်နှုန်း လောက်က ပြောပြီး လေးပုံတပုံလောက်ကတော့ ထူးထူးခြားခြား ပြောင်းလဲတာ မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။ ဒီအခြေအနေ ပြောင်းလဲတိုးတက်စေဖို့ မူဝါဒဥပဒေတွေကို ချမှတ်၊ ပြောင်းလဲတာ လုပ်ဖို့လိုတယ်လို့ အများစုကပြောပြီး အများပြည်သူကို အသိပညာပေးလုပ်ငန်းတွေ လုပ်ဖို့ လိုတယ်လို့လည်း အကြံပြုကြပါတယ်။ အင်တာနက်ရယူသုံးစွဲရာမှာ လူတိုင်းလက်လှမ်းမီ တန်းတူညီမျှအသုံးချနိုင်ရေးနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ရာမှာတော့ တက်ရောက်လာသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က တိုးတက်လာတယ် လို့ ဖြေကြပါတယ်။ ဒီဖိုရမ်ကို ပညာရေး၊ ပုဂ္ဂလိက၊ အစိုးရနဲ့ မီဒီယာကဏ္ဍ၊ အော်ရီဒူးနဲ့ ဖေ့စ်ဘွတ်ခ်က ကိုယ်စားလှယ်တွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက စုစုပေါင်း လူဦးရေ ၂၅၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024