ကေကေအိုခွဲထွက် အဖွဲ့ဝင် ၁၁ ဦး လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်
နော်နိုရင်း
·
January 21, 2019
ကေကေအိုခွဲထွက် စောကျော်သက်အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူ စောဖိုးငယ် ဦးစီးအင်အား ၁၁ ဦးဟာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး သာမန်ပြည်သူတွေအဖြစ် အေးချမ်းစွာ နေထိုင်လိုတာကြောင့် လက်နက်မျိုးစုံ ၁၃ လက်နဲ့အတူ မြ၀တီမြို နယ်မြေခံတပ်ရင်းသို့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ဝင်ရောက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
စောဖိုးငယ်နဲ့အဖွဲ့ဟာ ဇန်န၀ါရီ ၁၉ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်မြေခံတပ်ရင်းဆီကို လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ကာ ဥပဒေဘောင်အတွင်း ဝင်ရောက် ကြောင်းလည်း ဖော်ပြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကေဘီအေ ခွဲထွက်အဖွဲ့က ဗိုလ်ဘိကို မေးမြန်းကြည့်ရာမှာတော့ အဆိုပါ အဖွဲ့ဟာ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ကေအန်ယူ တပ်မဟာ ၅ ဆီကို ၀င်ရောက်ခဲ့ကြောင်းနဲ့ အဲဒီကနေတဆင့် ဒီကေဘီအေအဖွဲ့ ဆုံစည်းမြိုင်ဆီကို ပြောင်းရွှေ့နေထိုင်ခဲ့တာလို့ ပြောပါတယ်။
သူတို့ဟာ လက်နက်ချခြင်းမရှိသေးတဲ့အတွက် တပ်မတော်ဘက် အကြံပေးမှုနဲ့ အခုလို အလင်းဝင်သွားတာလို့လည်း ပြောပါတယ်။
ဓာတ်ပုံ- CINCDS