DVB Logo
Home
မြန်မာသတင်း
န၀တအစိုးရ၀န်ကြီးဟောင်း ဗိုလ်မှူးချုပ် အေဘယ်လ် ကွယ်လွန်
DVB
·
January 21, 2019
န၀တအစိုးရ၀န်ကြီးဟောင်း ဗိုလ်မှူးချုပ် အေဘယ်လ် ကွယ်လွန်
1 / 2
Donate to DVB

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) အစိုးအရအဖွဲ့ဝင် ၀န်ကြီးဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ်  ဒေးဗစ်အိုလီဗာ အေဘယ်လ်ဟာ ဇန်န၀ါရီ ၂၀ ရက် မနက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း အေဘယ်လ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ဆောင်မှာ မနေ့ မနက် ၈နာရီ ၅၃ မိနစ်က ခရစ်တော်၌ အိပ်ပျော်သွားတာလို့ ကျန်ရစ်သူမိသားစုက နာရေးသတင်း ကြေညာထားပါတယ်။

ဇနီး အငြိမ်းစား ဗိုလ်မှူး ဒေါ်ခင်သိန်းမူနဲ့  သား ဦးအောင်သီဟ-ဒေါ်ချိုချိုခိုင်တို့ ကျန်ရစ်ခဲ့ပြီး ဇန်န၀ါရီ ၂၂ ရက် အင်္ဂါနေ့ မနက် ၉ နာရီမှာ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်မှာ ၀တ်ပြုဆုတောင်း ဂူသွင်းသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် အေဘယ်ဟာ ရှစ်လေးလုံးလူထု အရေးတော်ပုံကို အာဏာသိမ်းပြီး တက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်တဲ့ န၀တစစ်အစိုးရအဖွဲ့မှာ ကုန်သွယ်ရေးဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် သြဂုတ် ၂၅ မှာတော့  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရုံး ၀န်ကြီးတာဝန်ကနေ အငြိမ်းစားယူခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း အေဘယ်လ်ဟာ ၁၉၉၀ ပြည့်နှစ်မှာ ဖက်စပ်ကုမ္ပဏီ ၁၂ ခုနဲ့ အတူ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို စတင်ထူထောင်ရာမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၇ ခုနှစ်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ အစိုးရဟာ တိုင်းပြည် တိုးတက်အောင် ပဲ့ကိုင်ဦးဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း  Nikkei Asian Review သတင်းစာကို ပြောကြားခဲ့ဖူးပါတယ်။

ဓာတ်ပုံ- Nikkei Asian Review

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013