အမေရိကန်မြစ်ထဲ ကြီးမားသည့် စက်ဝိုင်းပုံသဏ္ဌာန် ရေခဲချပ်ကြီး ပေါ်လာ (ရုပ်သံ)

အမေရိကန်နိုင်ငံ မိန်းပြည်နယ်က ပရီဆမ့်ပ်စကော့ မြစ်ထဲမှာ ဖြည်းဖြည်းချင်းလည်နေတဲ့ ရေခဲချပ်ကြီး သဘာဝအတိုင်း ပေါ်လာလို့ လူတွေတအံ့တသြ လာကြည့်နေတာပါ။ ဒေသတွင်း အေးခဲနေတဲ့ ရာသီဥတုကို ရင်ဆိုင်ပြီး လာကြည့်နေတာ ဖြစ်ပါတယ်။ ငှက်တွေလည်း ရေခဲချပ်ဘေး ဆင်းသက် နားနေကြပါတယ်။ ဇန်နဝါရီ ၁၆ ရက်ကစပြီး ပေါ်လာတဲ့ မြစ်လယ်က ရေခဲချပ်စက်ဝိုင်းဟာ ဖြည်းဖြည်းချင်း လည်နေပြီး အရွယ်အစား ပိုကြီးလာတာ ခုတော့ ပေ ၃၀၀ ကျော် အချင်းထိ ကြီးလာပြီလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ ရေစီးအားကြောင့် မြစ်ထဲက ရေခဲချပ်တွေ တိုက်မိကြေမွပြီး စီးဆင်းလာတာပါ။ အဲဒီ ရေခဲအကြေစတွေဟာ မြစ်တွေစုဆုံရာ နေရာမှာ ရေဝဲကြောင့် ရေခဲမှုန်တွေက စုဝိုင်းလာပါတယ်။ အဲဒီကတဆင့် ရေခဲအဝိုင်းချပ်က လုံးဝစက်ဝိုင်းပုံ ဖြစ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up