ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးပြီးသွားပါက ပြည်ပနိုင်ငံများထိ ပြသသွားမည်
သူဇာလင်း
·
January 20, 2019
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးပြီးသွားရင် ပြည်ပနိုင်ငံများထိ ပြသသွားမယ်လို့ ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ဇန်နဝါရီလ ၂၀ ရက်နေ့က ကျင်းပတဲ့ အဌမကြိမ်မြောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် အစည်းအဝေးမှာ ပြောပါတယ်။
နိုင်ငံတော်အဆင့် တာဝန်ယူရိုက်ကူးမယ့် ဗိုလ်ချုပ်ရုပ်ရှင်ကို ကျပ်သိန်းပေါင်း တစ်သောင်းခွဲ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ဝင်ခန်း ၁၁၆ ခန်းနဲ့ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၂ ခုနှစ်က စတင်ရိုက်ကူးဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်က စပြီး ဒါရိုက်တာလူမင်းက ရိုက်ကူးဖို့ တာဝန်ယူခဲ့တာဖြစ်ပါတယ်။