လွတ်ငြိမ်းခွင့်ဖြင့် နိုင်ငံခြားသား ၄၀၀ ခန့် ပြန်လွတ်

စက်တင်ဘာ ၁၇ ရက်က သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၀၀ ကျော်မှာ ၄၀၀ လောက်ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး၊ အဲဒီထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာလို့ လ၀က ဥပဒေအရ အရေးယူခံရပြီး အကျဉ်းထောင်တွေထဲ ရောက်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာမှာ တရားမ၀င် ၀င်ရောက်နေထိုင်နေကြတဲ့ ထိုင်းလူမျိုးတွေလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဦးကျော်ဝင်းက အတည်ပြုပြောပါတယ်။ မူးယစ်ဆေးဝါးနဲ့ လက်နက်မှုတွေနဲ့ အကျဉ်းကျနေသူတွေတော့ လွတ်တဲ့ထဲ မပါပါဘူး။ အကျဉ်းထောင်အသီးသီးက ပြန်လွတ်မြောက်လာတဲ့ နိုင်ငံခြားသားတွေကို အကျဉ်းဦးစီးဌာနကနေ တရားစွဲအဖွဲ့တွေထံ  ပြန်လည်လွှဲပြောင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up