အင်ဒိုနီးရှားနိုင်ငံသားများအတွက် နစ်နာကြေး
DVB
·
September 18, 2012
အင်ဒိုနီးရှားက အသက်မပြည့်သေးတဲ့ လူငယ်-လေးတွေကို တရားဥပဒေနဲ့ မညီဘဲ ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ဩစတြေးလျအစိုးရကို တရားစွဲတာတွေ ဆက်တိုက် ဖြစ်လာတော့မယ်လို့ လူ့အခွင့်အရေးရှေ့နေတွေက ဆိုနေကြပါတယ်။
လူကုန်ကူးမှုစွဲချက်နဲ့ ရုံးမတင်ခင်ကာလမှာ အင်ဒိုနီးရှားလူမျိုး ကလေး ၂ ယောက်ကို လူကြီးထောင်မှာ ဖမ်းဆီးခဲ့တဲ့ကိစ္စကို တရားစွဲတဲ့ အမှုတခု လောလောဆယ် ပေါ်ပေါက်နေ ပါတယ်။ ရေဒီယို ဩစတြေးလျက ကီရှာ ၀က်ဒ် က အပြည့်အစုံတင်ပြထားပါတယ်။