Home
မြန်မာသတင်း
ရခိုင်စစ်ဘေးဒုက္ခသည်များကို ကူညီရန် MSF အဆင်သင့်ရှိနေ
DVB
·
January 18, 2019
ရခိုင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ  ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေအတွက် အကူအညီတွေပေးဖို့ အဆင်သင့်ရှိနေတယ်လို့  နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) က ထုတ်ပြန်လိုက်ပါတယ်။ အေအေနဲ့ မြန်မာတပ်မတော်တို့အကြား ဖြစ်ပေါ်နေတဲ့  လက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်အတွင်း နေရာအနှံ့အပြား ဖြစ်ပွားနေတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုတွေ အတွက် စိုးရိမ်ပူပန်မိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် MSFအဖွဲ့ အနေနဲ့ အရေးပေါ်အကူအညီလိုအပ်သူတွေကို ကူညီဖို့ စစ်တွေနဲ့ မောင်တောမှာ အဆင်သင့်ထားရှိပြီး ဆေးကုသမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကမ်းလှမ်းထားတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  ရခိုင်ပြည်နယ်မြို့နယ် လေးမြို့နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၆၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ- MSF
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024