Email This Story :
နည်းပြသက်တမ်းတလျှောက် အင်တာမီလန်အသင်းဟာ ကိုင်တွယ်ရတာ အကြိုက်ဆုံးအသင်း ဖြစ်တယ်လို့ ပေါ်တူဂီလူမျိုး မော်ရင်ဟိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကြိုက်နှစ်သက်ရတဲ့ အကြောင်းရင်းကို မေးမြန်းခဲ့ရာမှာတော့ အောင်မြင်မှုအလုံးစုံ ရရှိခဲ့လို့ ဖြစ်ကြောင်း ပြောပါတယ်။
သူဟာ အင်တာမီလန်နဲ့အတူ စီးရီးအေဆုဖလား၊ အီတလီစူပါဖလားအပြင် ချန်ပီယံလိဂ်ဖလားလည်း ရရှိခဲ့ပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြစဉ်ကလည်း တရာသီလုံး အမှတ် ၁၀၀ ရရှိပြီး ချန်ပီယံဖြစ်ခဲ့ဖူးသလို ပေါ်တိုအသင်းကိုလည်း ချန်ပီယံလိဂ်ဆုဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
မော်ရင်ဟိုက သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေကို သူရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြောပြပြီး တုံ့ပြန်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း ယူရိုပါလိဂ်၊ လိဂ်ဖလား စတာတွေကို ရယူပေးခဲ့ပေမယ့် အခုရာသီမှာတော့ ရလဒ်တွေ ဆိုးရွားနေတာကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။