ကွန်ဂိုတွင် ယခင်လ အကြမ်းဖက်မှုအတွင်း လူ ၉၀၀ ခန့် သေဆုံး

Residents chant slogans against Congolese President Joseph Kabila as peacekeepers serving in the United Nations Organization Stabilization Mission in the Democratic Republic of the Congo (MONUSCO) patrol during demonstrations in the streets of the Democratic Republic of Congo's capital Kinshasa, December 20, 2016. REUTERS/Thomas Mukoya - RTX2VU37
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အနောက်မြောက်ပိုင်းမှာ အရင်လက လူ့အဖွဲ့အစည်း ၂ ရပ်အကြား အကြမ်းဖက်မှုအတွင်း လူအယောက် ၈၉၀ ထက်မနည်း သေဆုံးတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ ဒါဟာ မြေမြှုပ်သင်္ဂြိုဟ်တဲ့ လူအရေအတွက်သာဖြစ်ပြီး တခြားလူ အများအပြားလည်း အသတ်ခံရကောင်း ခံရနိုင်တယ်လို့ အစီရင်ခံစာတွေက ထောက်ပြထားကြောင်း ကုလ လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ ရာဗီနာရှမ်ဒါဆာနီက ပြောပါတယ်။ မိုင် အန်ဒွန်မ်ဘေ ခရိုင်အတွင်း ဘာနူနူနဲ့ ဘာတန်ဒေ လူ့အဖွဲ့အစည်း ၂ ရပ်ကြား တိုက်ပွဲဟာ ပုံမှန်အားဖြင့် ငြိမ်းချမ်းခဲ့တဲ့ ယမ်ဘီမြို့တလွှား ကူးစက် ပျံ့နှံ့ခဲ့လို့ ခန့်မှန်းခြေ လူ ၁ သောင်း ၆ ထောင်လောက် ကွန်ဂိုမြစ်ကို ဖြတ်ကူးပြီး ကွန်ဂိုနိုင်ငံထဲကို ထွက်ပြေးခဲ့ရတယ်လို့ ရှမ်ဒါဆာနီက ဆက်ပြောပါတယ်။ သွေးစွန်း အကြမ်းဖက်မှုတွေက တိုင်းရင်းသား အကြီးအကဲ ဈာပနနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကြောင့် ဖြစ်တာလို့ သူက ဆက်ပြောပါတယ်။ လူ အယောက် ၄၀၀ လောက် သေဆုံးတဲ့  သွေးစွန်းမှုတရပ်ကြောင့် အရင်လက သမ္မတ ရွေးကောက်ပွဲအတွင်း မဲပေးမှုကို အစိုးရက ဖျက်သိမ်းခဲ့ရတာပါ။ ရွေးကောက်ပွဲနဲ့ တိုက်ရိုက်မဆိုင်ဘူးလို့ ဒေသခံ တက်ကြွလှုပ်ရှားသူ တယောက်က ပြောပါတယ်။ ဒါပေမယ့် ဘာတန်ဒေ တိုင်းရင်းသားခေါင်းဆောင်က လက်ရှိ အာဏာရ ညွန့်ပေါင်းအဖွဲ့ကို ထောက်ခံပြီး ဘာနူနူခေါင်းဆောင်တွေကတော့ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေကို ကျောထောက်နောက်ခံပေးထားတယ်လို့ ပြောကြာင်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up