
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ အစိုးရ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုတွင် အနိုင်ရ

Email This Story :
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေရဲ့ အစိုးရဟာ ဇန်နဝါရီ ၁၆ ရက်နေ့က အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုမှာ အနိုင်ရခဲ့ပါတယ်။
ပါလီမန် မဲခွဲဆုံးဖြတ်မှုမှာ မေရဲ့အစိုးရက ၃၂၅ မဲ – ၃၀၆ မဲနဲ့ အနိုင်ရခဲ့တာပါ။ အခုလို အနိုင်ရခဲ့တဲ့အတွက် မေဟာ ဘရက်ဇစ်ခွဲထွက်ရေး ရှေ့ဆက်လုပ်ဆောင်ရမှာနဲ့ ပတ်သက်လို့ အများဆန္ဒခံယူဖို့ ပါတီအားလုံးက ဥပဒေပြုအမတ်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။
ဘရက်ဇစ် အကျပ်အတည်း ဖြေရှင်းဖို့အတွက် ဆွေးနွေးဖို့ ပါတီခေါင်းဆောင်တွေကို ဖိတ်ခေါ်ထားတယ်လို့ ဝန်ကြီးချုပ် မေက ပြောပါတယ်။
အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရယ်မီ ကိုဘင်ကတော့ ပါတီချင်းဆွေးနွေးပွဲ မလုပ်ခင် မေအနေနဲ့ သဘောတူညီချက် မရနိုင်ခြေကို ဖယ်ရှားပစ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်မေရဲ့ အစိုးရအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ဖို့ကိုလည်း လေဘာပါတီက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။