Home
အနုပညာ
ဂျပန်အဆိုတော်မလေး မြန်မာလိုသီဆိုထားသည့် ဖခင်မေတ္တာဘွဲ့သီချင်း-အရီဂတို(ရုပ်သံ)
DVB
·
January 17, 2019
“အမှန်တကယ် ရောက်ရှိတဲ့ ဘ၀မှာ နေသားတကျ… နေပျော်အောင် ကြိုးစားရင်း အတိတ်တွေကို သတိရ… ကိုယ့်ကိုကိုယ် စသိတဲ့ အရွယ်က… ဒီနေ့ထိ တိုင်အောင်ရင် မှာ ထင်ရှားနေ… လုံခြုံအေးမြဆဲ အဖေ့ရဲ့ မေတ္တာအိမ်လေးပေါ့” ဒါကတော့ ဂျပန်နိုင်ငံသူ အဆိုတော်မလေး စုဝါဂျွန်ကို မြန်မာဘာသာနဲ့ ပီပီသသ သီဆိုထားတဲ့ အရီဂတိုအမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။ ဒီသီချင်းဟာ သူ့ရဲ့ ချစ်ခင်ရတဲ့ ဖခင်ဖြစ်သူအတွက် ရေးစပ်ထားတဲ့ သီချင်းတပုဒ် ဖြစ်ပြီး သူမကိုယ်တိုင်၊ မြန်မာတေးရေးဆရာ မင်းချစ်သူနဲ့ ဂျပန်တေးရေးဆရာ NEJISHEKI တို့ ပူးပေါင်း ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ “ဒီမှာ ကျေးဇူးတရားများ ပွင့်ဖူးခဲ့… အို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတဲ့ ကလေးအရွယ်… စိုတဲ့လက်တွေ ခြောက်သွားခဲ့သလို… ကုန်ဆုံးခဲ့ ငယ်စဉ်အချိန်များကို… ပြန်လွမ်း လို့ အဖေ့အတွက် သီချင်းကိုဆို” ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိသားစု သရုပ်ဖော်လှုပ်ရှားမှုတွေနဲ့အတူ ရိုက်ကူးထား ခဲ့တာဖြစ်ပြီး စုဝါဂျွန်ကိုဟာ ဂျပန်ရိုးရာ ၀တ်စုံကို ၀တ်ဆင်ထားခဲ့ပြီး ပီယာနိုကို ကိုယ်တိုင် တီးခတ်ကာ မြန်မာသီချင်း စာသားတွေနဲ့ သီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုနေခဲ့တာကို ရှုစားကြရမှာပါ။ “အရင်ဆို မိဘအရိပ်အောက်မှာ… တို့က ပူဆာရာ အကုန်ရတာ… တန်ဖိုးမထားမိ ကိုယ်ရပိုင်ခွင့်လို သဘောထားနေတယ်… လွယ်လွယ်ကူကူနဲ့ ဘာမှမရနိုင်တဲ့ လောက ကြီးမှာ… လိုရာတွေပြည့်စေသော ဖန်ဆင်းရှင်တဦး… အဖေဆိုတာ ကမ္ဘာကြီး… အာရီ ဂတ်တော… အာရီဂတ်တော… ကျေးဇူးပါနော်… မာတာပီတု မိဘဂုဏ်ကျေးဇူးတော့ မေ့ မထားဘူး… မှန်းဆထားတဲ့ ပန်းတိုင်… ရည်ရွယ်ထားတဲ့ လမ်းပေါ်… ဆက်လက် လျှောက်လှမ်းနေမယ် အဖေရဲ့သမီးလေး… အဖေ့အတွက် သီချင်းကိုဆို” စုဝါဂျွန်ကိုဟာ ဂျပန်လို သီဆိုထားတဲ့ သီချင်းအယ်လ်ဘမ်တွေလည်း ထွက်ရှိခဲ့ပြီး ဖြစ်ကာ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာလည်း သီဆိုဖျော်ဖြေမှုတွေ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ သိပ်မကြာခင်ကမှ ပြုလုပ်ခဲ့တဲ့ City FM ရဲ့ ၁၇ နှစ်ပြည့် တေးဂီတဖျော်ဖြေပွဲမှာလည်း စုဝါဂျွန်ကိုဟာ ဖျော်ဖြေခဲ့တာဖြစ်ပြီး ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သူ့ရဲ့ ယူကျုဘ်အင်တာ နက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024