တိုင်းရင်းသားညီလာခံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၆ ရပ်ချမှတ်-မေးမြန်းချက်
အေးနိုင်
·
September 17, 2012
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာကျင်းပတဲ့ တိုင်းရင်းသားညီလာခံကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၆ ရပ်ကို ချမှတ်လိုက်ကြပါတယ်။ အဲဒီ ၆ ရပ်ကတော့ တိုင်းရင်းသား အလွှာပေါင်းစုံက တာဝန်ရှိသူတွေကို ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လုပ်ငန်းမှာ အစိုးရနဲ့ အတူတကွ ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ ပတ်သက်စေဖို့ဖြစ်ပြီး ပင်လုံကဲ့သို့သော ညီလာခံကြီး ဖြစ်မြောက်ရေးကို ဦးတည်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ထောင်စုအစိုးရက တင်ကြိုချမှတ်တဲ့ အချက် ၈ ချက်ပါ ပြည်ထောင်စုအဆင့်လုပ်ငန်းစဉ်တွေဟာ တရားမျှတပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာမဟုတ်တဲ့အတွက် ဒီလုပ်ငန်းစဉ် ၆ ရပ်နဲ့ ညှိနှိုင်းဖို့ပဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ရှင်းပြပါတယ်။
ဒီညီလာခံကို ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာရောက် တိုင်းရင်းသားအစုအဖွဲ့ပေါင်းစုံက လူပေါင်း ၁၃၀ ကျော် တက်ရောက်ပါတယ်။
ဒီညီလာခံနဲ့ပတ်သက်လို့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့ ပြောခွင့်ရသူ ဦးခွန်ဥက္ကာကို မေးထားပါတယ်။