Home
မြန်မာသတင်း
ချောက်​မြို့ ပြည်သူ့ဆေးရုံတွင်  ခွေးရူးရောဂါ ကာကွယ်ဆေးနှင့် ဖြေဆေး အခမဲ့ထိုးနိုင်
DVB
·
January 17, 2019
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ပြည်သူ့ဆေးရုံမှာ  ခွေးရူးရောဂါ ကာကွယ်ဆေးနဲ့ ဖြေဆေးအခမဲ့ထိုးနိုင်ပြီလို့ ချောက်မြို့ ပြည်သူ့ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းက ပြောပါတယ်​။ ချောက်မြို့ပြည်သူ့ဆေးရုံကို မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက Seeda ခွေးရူးရောဂါ ကာကွယ်ဆေးအလုံး ၅၀ ကို ဇန်ဝါရီ ၁၄ ရက်ညနေပိုင်းကပေးပို့ခဲ့ပြီး ဇန်နဝါရီ ၇ ရက်ညနေက Erig ခွေးရူးဖြေဆေးအလုံး ၅၀ ကို ပေးပို့ထားရှိတဲ့အတွက် အဲဒီမြို့မှာ ခွေးထပ်မံ အကိုက်ခံရသူများရှိပါက ခွေးရူးရောဂါ ကာကွယ်ဆေးနဲ့ ခွေးရူးဖြေဆေး နှစ်မျိုးစလုံး အခမဲ့ ထိုးပေးသွားမှာဖြစ်​တယ်​လို့ ဆိုပါတယ်။ ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းက “ခုပေးပို့လိုက်တဲ့ ဆေးက Seeda ခွေးရူးကာကွယ်ဆေးဖြစ်တဲ့အတွက် အရင်က ခွေးရူးအကိုက်ခံရတဲ့ သူတွေက Indirab ခွေးရူးရောဂါကာကွယ်ဆေးအမျိုးအစား ထိုးထား ရင်တော့ ဆေးအမျိုးအစား မတူညီးတဲ့အတွက် ထိုးပေးလို့မရဘူး။ သူတို့ကတော့ ဝယ်ထိုးရမှာ။ Seeda ခွေးရူးကာကွယ်ဆေး ထိုးထားတဲ့ သူတွေကိုတော့ အခမဲ့ထိုးပေးသွားမယ်''လို့ ​ပြောပါတယ်​။ ချောက်မြို့မှာ ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက် နေ့တွေက  နဝမတန်းကျောင်းသားတဦးနဲ့ ၆ နှစ်အရွယ် ကျောင်းသူတဦးပါအ၀င်  အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၆ ယောက် စုစုပေါင်း လူ ၁၂ ဦး ခွေးရူးအကိုက်ခံခဲ့ရပါတယ်။ ခွေးရူးအကိုက်ခံရသူတွေဟာ ဆေးကုသမှုခံယူဖို့ ဆေးရုံကိုလာရောက်ရာမှာ ဆေးရုံမှာ ဆေးနှစ်မျိုးစလုံးမရှိတဲ့အတွက် ပြင်ပက ဆေးဝယ်ယူခိုင်းပြီး ထိုးပေးခဲ့တယ်လို့ ပြည်သူ့ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမတဦးက ပြောပါတယ်။   ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024