Home
မြန်မာသတင်း
မောင်​​တောမြောက်​ပိုင်းတွင် လက်​နက်​ကြီးကျပြီး လူငယ် ၂ ဦးဒဏ်ရာရ
DVB
·
January 16, 2019
49897581_132545727767829_7189314498002419712_n
50189730_132545631101172_695271169892286464_n
50314548_132545584434510_7678380645881479168_n
50058606_132545611101174_1225097540957896704_n
50049671_132545701101165_6807166694759333888_n
ရခိုင်ပြည်နယ်၊ မောင်​​တောမြို့နယ်​​မြောက်​ပိုင်း ရန်​​အောင်​မြင်​​ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်း က လက်​နက်​ကြီးကျပြီး ​နေအိမ်​တလုံး မီး​လောင်ကာ ဒိုင်း​နက်​လူမျိုး​ ရွာသား  ၂ ဦး ဒဏ်​ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်​န၀ါရီ ၁၆ ရက်​ နေ့လယ်ပိုင်းက ရန်​​အောင်​မြင်​​ကျေးရွာကို လက်​နက်​ကြီးကျရောက် မီး​လောင်​လို့ ရွာသူရွာသားတွေ ဘုန်းကြီး​ကျောင်းသို့ ထွက်​​ပြေးခိုလှုံနေရတယ်လို့ ရန်​​အောင်​မြင်​​ကျေးရွာသားတ​ဦးက အတည်​ပြု​ပြောကြားပါတယ်​။ “မနက်​ပိုင်းက လက်​နက်​ငယ်​သံ​တွေ ကြားတယ်​။ ရွာအနီးကို လက်​နက်​ကြီးတ​လုံး ကျလာတယ်​။ ဘယ်​သူပစ်​တာလဲ မသိပါ။ ရွာအစွန်​က ​နေအိမ်​တ​လုံး မီး​လောင်သွားပါတယ်​။ ညီအစ်ကို နှစ်​​ယောက် ​ဒဏ်​ရာရပါတယ်​။ အစ်​ကိုဖြစ်​တဲ့ မောင်​ကျော်လှမှာ ဦးခေါင်းမှာ ဒဏ်ရာရရှိပြီး ညီဖြစ်သူ မောင်ကျော်နိုင်က ဘယ်ဘက်ပခုံး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါတယ်။” မောင်ကျော်နိုင်ရဲ့ ဒဏ်ရာပြင်းထန်ပြီး သွေးထွက်တာများနေတဲ့အတွက် နည်းနည်းစိုးရိမ်ရတဲ့အကြောင်းနဲ့ ကရုဏာ ကွန်ရက်ကကားနဲ့ ကြိမ်ချောင်းဆေးရုံကနေ မောင်တောပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်​။ ဒဏ်​ရာရသူတွေဟာ ဒိုင်း​နက်​လူမျိုး ဦးထွီ့​မောင်​ရဲ့သား ဒုတိယတန်းကျောင်းသား ​မောင်​ကျော်​နိုင်​ (၁၀ နှစ်)​ နဲ့ အစ်ကိုဖြစ်​သူ ​မောင်​ကျော်​လှ (၁၈ နှစ်)​တို့ ​ဖြစ်​​ကြပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024