တောင်သူလယ်သမားများကို ကာကွယ်သည့်ဥပဒေ ပြဋ္ဌာန်းပေးရန် လိုအပ်
DVB
·
September 17, 2012
မြန်မာနိုင်ငံက တောင်သူလယ်သမားတွေကို ကာကွယ်နိုင်မယ့် ဥပဒေတခု ပေါ်ထွန်းဖို့ အတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားများ အသင်းကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
လက်ရှိရင်ဆိုင်နေကြရတဲ့ လယ်ယာမြေသိမ်းခံရတာတွေ၊ စပါးဈေးကျနေတာတွေနဲ့ သဘာဝကပ်ဘေးတွေကနေ အကာအကွယ်ပေးဖို့အတွက် အခုလို ဖွဲ့စည်းလိုက်တာလို့ အသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
မကြာမီမှာ တနိုင်ငံလုံးက တောင်သူလယ်သမားတွေ ပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား ညီလာခံကို ခေါ်ယူသွားမယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။