ချန်ပီယံဆုအတွက် လီဗာပူးအသင်း၏ ပွဲစဉ်များကို မေ့ထားရန် မန်စီးတီးနည်းပြ တိုက်တွန်း

ချန်ပီယံဆုအတွက် လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေကို မေ့ထားကြဖို့ မန်စီးတီးကစားသမားတွေကို နည်းပြ ဂွါဒီယိုလာက တိုက်တွန်းလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၅ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းကို လိုက်မီဖို့အတွက် အမှတ်ဘယ်လောက်လိုမလဲဆိုတာ ပြောလို့မရဘူးလို့ ဂွါဒီယိုလာက ပြောဆိုခဲ့ပြီး လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေနဲ့ ပြိုင်ပွဲတွေကိုလည်း ကြည့်မနေဘဲ ကိုယ့်အလုပ်ကိုယ်ပဲ ဆက်လုပ်ကြဖို့ ဂွါဒီယိုလာက တိုက်တွန်းခဲ့ပါတယ်။ လီဗာပူးအသင်း ရှုံးပွဲတွေ့မယ်ဆိုရင် ဒီနေရာကို မိမိတို့ ရောက်မှာဖြစ်ပြီး မိမိတို့အသင်း အနိုင်မရဘူးဆိုရင်လည်း လီဗာပူးအသင်းက ချန်ပီယံဖြစ်သွားမှာ ဖြစ်တဲ့အတွက် ပြိုင်ဘက်ကို ထိန်းချုပ်လို့ မရနိုင်တာကြောင့် ကိုယ့်ဘာသာ နိုင်ပွဲတွေဆက်ယူဖို့ပဲ အာရုံစိုက်ရမယ်လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up