ကလေးဝမြို့အနီး ငလျှင်လှုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့အနီးမှာ ဒီနေ့ မနက် အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၆ ရက်၊ မြန်မာစံတော်ချိန် ၈ နာရီ ၄၇ မိနစ် ၄၂ စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ တောင်ဘက် ၅၈ မိုင်လောက်ကွာဝေးတဲ့ မြန်မာပြည်တွင်း ကလေးဝမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၂ မိုင်လောက်အကွာ အနက် ၂၇ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားခဲ့တာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up