Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၈၀၀ ထက် ထပ်တိုးပေးရန်  FTE စက်ရုံလုပ်သားများ ဆန္ဒပြ
အာကာ
·
January 15, 2019
50257199_2541980912483853_6242627332855562240_n
50224049_2541980932483851_1767817266407145472_n
50029795_2541980925817185_7775714440283947008_n
49938102_2541981009150510_391422110808932352_n
49698536_2541980929150518_5574622281805594624_n
အနည်းဆုံးလုပ်အားခ အခကြေးငွေ တနေ့  ကျပ် ၄၈၀၀ ထက် ထပ်တိုးပေးဖို့ ရန်ကုန် လှိုင်သာယာ FTE စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေက ဒီကနေ့ သပိတ်စခန်းဖွင့် တောင်းဆို ဆန္ဒဖော်ထုတ်နေပါတယ်။ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ရှိ FTE စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ ဇန်နဝါရီ လဆန်းကတည်းက စက်ရုံဝင်းထဲမှာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ပြီး ပြေလည်မှုမရတာကြောင့် ဒီနေ့ စက်ရုံအပြင်ဘက်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာပါ။ အလုပ်သမားတွေအနေနဲ့  အချက်၁၀ချက်ကို တောင်းဆိုထားတယ်လို့ FTE အခြေခံ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ခိုင်ကပြောပါတယ်။ “စက်ရုံမှာက အလုပ်သမားအသစ်နဲ့ အဟောင်းကို လစာ တနေ့ ကျပ် ၄၈၀၀ တန်းတူပဲ ပေးထားတယ်။ အဲဒါကြောင့် ၆ လပြည့်ပြီးရင် ၂၀၀ကျပ်၊ ၁နှစ်ပြည့်ပြီးရင် ၃၀၀ကျပ် ထပ်ပေါင်းပေးဖို့ တောင်းဆိုတာပါ” တရုတ်နိုင်ငံသားပိုင် ဒီစက်ရုံဟာ လျှပ်စစ်ဆိုင်ရာ ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၄၀၀ ကျော်ရှိတဲ့အနက်  ၂၀၀ ကျော်က ဆန္ဒဖော်ထုတ်နေတာပါ။ သတင်း/ ဓာတ်ပုံ- အာကာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024