ချန်ပီယံလိဂ် ကစားချင်၍ ဝတ်ဖို့ဒ်မှ ထွက်ခွာမည်ဟု ကွင်းလယ်လူ ဒူကူ ပြော

ချန်ပီယံလိဂ် ကစားချင်တဲ့အတွက် ဝတ်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ ကွင်းလယ်ကစားသမား အက်ဗ်ဒူလာဒူကူက ပြောကြားလိုက်ပါတယ်။ အသက် ၂၆ နှစ်ရှိ ပြင်သစ်ကွင်းလယ်လူ ဒူကူဟာ ဝတ်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြသနေတာကြောင့် ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူလိုနေတာပါ။ "ဝတ်ဖို့ဒ်ကနေ ကျေနာ် ထွက်ခွာရမယ်လို့ ထင်ပါတယ်။ ကလပ်အသင်းဘက်ကလည်း ကျေနာ့်ရဲ့ ရည်မှန်းချက်ကို သိပြီးတော့ နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့ ကူညီပေးချင်လိမ့်မယ်လို့ ထင်ပါတယ်။ ပီအက်စ်ဂျီက ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ သိရတာဟာ ဝမ်းသာစရာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဝတ်ဖို့ဒ်အသင်းမှာ အကောင်းဆုံး ဆက်ကစားနိုင်ဖို့ပဲ အာရုံစိုက်ပါတယ်။ ဝတ်ဖို့ဒ်အသင်းမှာ အကောင်းဆုံးကစားပြီး ချန်ပီယံလိဂ် ကစားရမယ့်အသင်းကို ပြောင်းရွှေ့ချင်တာက ကျနော့်ရည်မှန်းချက်ပါ" လို့ ပြင်သစ်ရုပ်သံတခုနဲ့ အင်တာဗျူးမှာ  ဒူကူက ပြောကြားခဲ့ပါတယ်။ ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းဟာ ဒူကူအတွက် ပေါင်သန်း ၅၀ လောက်နဲ့ ကမ်းလှမ်းဖို့ ရှိတယ်လို့ သိရပါတယ်။ ရင်းနက်စ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဒူကူဟာ ပြင်သစ် လူငယ်လက်ရွေးစင်အသင်းတွေမှာ ကစားခဲ့ဖူးပြီး ၂၀၁၆ ကနေ လက်ရှိအချိန်အထိ ဝတ်ဖို့ဒ်အသင်းအတွက် ၇၈ ပွဲကစားပြီး ၉ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up