Home
မြန်မာသတင်း
မန္တလေးမြို့ရှိ အအေးဆိုင်တွင် အမျိုးသား ၁ ဦး ဆွဲကြိုးချ​သေဆုံး
Aung Aung Naing
·
January 15, 2019
မန္တလေးတိုင်း​ဒေသကြီး၊ အောင်မြေသာစံမြို့နယ် ၁၂လမ်း ၈၆ လမ်းနဲ့ ၈၇ လမ်းကြား ပြည်ကြီးရန်လုံရပ်ကွက်ရှိ အအေးဆိုင်တဆိုင်မှာ  မနေ့ မနက်ပိုင်းက အမျိုးသား တဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်​။ ဆိုင်ပိုင်ရှင်ဦးခင်မောင်မြင့်​ရဲ့ အအေးဆိုင် အရှေ့မျက်နှာစာ အမိုးစွန်းမှာ ဦးအေးမင်းဟာ အင်္ကျီလက်ရှည်​ကိုလိမ်​ပြီး သူ့လည်ပင်းကို စွပ်​ကာ  သေဆုံးနေခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ဦးအေးမင်းဟာ အရက်အလွန်အကျွံ သောက်သုံးလေ့ရှိကာ သူ့ဇနီးဖြစ်​သူနဲ့ လွန်ခဲ့တဲ့  ၂ နှစ်လောက်​ကစပြီး အတူပေါင်းသင်းနေထိုင်ခြင်းမရှိတော့ပဲ အအေးဆိုင်မှာ ကြုံရာ ကြပန်း လုပ်ကိုင်ပေး​နေသူ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024