ဘန်ကောက်တွင် လေထုညစ်ညမ်းမှု မြင့်တက်၊ လေယာဉ်သုံးပြီး မိုးရွာစေရန် စီစဉ်

702
ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်က စီးပွားရေးခရိုင်တွေမှာ လေထုညစ်ညမ်းမှု မြင့်တက်နေတဲ့အတွက် လေယာဉ်တွေသုံးပြီး မိုးရွာစေဖို့ အာဏာပိုင်တွေ စီစဉ်နေပါတယ်။
မိုးလေဝသပြုပြင်ရေး နည်းပညာအရ လေထဲကို ဓာတုပစ္စည်းတွေ ဖြန်းထည့်ပြီး တိမ်တွေ သိပ်သည်းလာအောင်လုပ်ကာ ဒီနည်းပညာနဲ့ မိုးရွာအောင် လုပ်နိုင်ပါတယ်။
တော်ဝင် မိုးဖန်တီးရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ လေကြောင်း နည်းပညာဌာနက ဇန်နဝါရီ ၁၅ ရက်မှာ မိုးရွာအောင်လုပ်ဖို့ မျှော်လင့်ထားတယ်။
ဒါပေမယ့် လေတိုက်ရာလမ်းကြောင်းနဲ့ စိုထိုင်းဆအပေါ်လည်း မူတည်တယ်လို့ ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန ညွှန်ချုပ် ပရာလွန် ဒမ်ရွန်ထိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ပြည့်နေတဲ့ မြို့တော် ဘန်ကောက်မှာ မြူထူတွေ ရစ်သိုင်းနေပါတယ်။
မြို့တော် ဘန်ကောက်ဟာ လောလောဆယ်မှာ တရုတ်နိုင်ငံထဲက တချို့မြို့တွေနဲ့ ပြိုင်ရင်း ကမ္ဘာ့ လေထုအညစ်ညမ်းဆုံးမြို့တွေထဲ ဒဿမနေရာမှာ ရှိနေတယ်လို့ သဘာဝပတ်ဝန်းကျင် အဖွဲ့ကြီး Greenpeace က ပြောထားပါတယ်။