ရန်ကုန်တိုင်းတွင် ဇန်န၀ါရီ ၁၅ ရက်နှင့် ၁၇ရက် အချိန်ပိုင်း မီးပျက်နိုင်

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ  လာမယ့် ဇန်န၀ါရီ ၁၅ ရက်နဲ့ ၁၇ ရက်အတွင်း လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်နိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြိုတင် ကြေညာထားပါတယ်။ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံတွေ၊ Distribution Transformer တွေ ထိန်းသိမ်းပြုပြင်တာ၊ ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့တဲ့ ၁၁ ကေဗွီ ဓာတ်အားလိုင်းကြိုးတွေကို လျှပ်ကာပါတဲ့ ဓာတ်အားလိုင်းကြိုးအသစ်တွေနဲ့ လဲလှယ်မှာ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းတွေကို ဇန်နဝါရီ ၁၅ ရက် အင်္ဂါနေ့နဲ့ ၁၇ ရက် ကြာသပတေးနေ့တို့မှာ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ဆောင်ရွက်မှာဖြစ်လို့ အချိန်ပိုင်း ဓာတ်အားပြတ်တောက် နိုင်တယ်လို့ ကြေညာတာပါ။ ပြတ်တောက်နိုင်တဲ့ မြို့နဲ့ မြို့နယ်တွေထဲမှာ ရွှေပေါက်ကံ၊ ရန်ကင်း၊ ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ တာမွေ၊ သာကေတ၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ(တောင်)၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ ပုဇွန်တောင်၊ ကမာရွတ်၊ အလုံ၊ မရမ်းကုန်း၊ လမ်းမတော်၊ ဗဟန်း၊ လှိုင်၊ လသာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ဥက္ကံ၊ ထန်းတပင်၊ ထောက်ကြန့်၊ အဖျောက်တို့ ပါဝင်ပါတယ်။ ဒီလို ဆောင်ရွက်ရတာဟာ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက် ရတာဖြစ်ပြီး ယာယီဓာတ်အား ပြတ်တောက်လို့ လူမှုရေးအခက်အခဲတွေ ပေါ်ပေါက် လာနိုင်တဲ့အပေါ် နားလည်ခွင့်လွှတ်ပေးဖို့အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း က အများပြည်သူတွေကို အသိပေးပန်ကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up