ပြင်သစ်တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်၊ လူအများအပြား ဒဏ်ရာရ

770
ပြင်သစ်နိုင်ငံ ပါရီမြို့လယ်မှာ ဇန်နဝါရီ ၁၂ ရက်က ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်ပုံရတယ်ဆိုတဲ့ ပေါက်ကွဲမှုအတွင်း လူအတော်များများ ဒဏ်ရာရတယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။
ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် မီတာရာချီတဲ့ နေရာက အဆောက်အဦတွေ တုန်လှုပ်ခဲ့တာပါ။ ပါရီမြို့လယ် ရိပ်သာလမ်းမကြီးထဲက ရွီထရီဗီစ် ရပ်ကွက်အတွင်း အဆောက်အဦတခုရဲ့ မြေညီထပ် တခုလုံး ပွင့်ထွက်ခဲ့ပါတယ်။
လူ ၉ ယောက် အပြင်းအထန် ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။ ဝတ်စုံဝါ ဆန္ဒပြပွဲတွေ ၉ ရက်ဆက်တိုက် ဖြစ်နေလို့ ပါရီရဲတွေကို တပ်လှန့်မှု မြှင့်ထားပါတယ်။
မြို့လယ် အစိတ်အပိုင်းတွေကိုလည်း အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ပိတ်ဆို့ ထားပါတယ်။