DVB Logo
Home
မြန်မာသတင်း
နေပြည်တော်လယ်သမား ၁၂၆ ဦးကို သစ်တောဦးစီးက တရားစွဲ
DVB
·
September 14, 2012
နေပြည်တော်လယ်သမား ၁၂၆ ဦးကို သစ်တောဦးစီးက တရားစွဲ
Donate to DVB

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ထဲက လယ်သမား ၁၂၆ ဦးကို သစ်တောဦးစီးဌာနက သစ်တောမြေကျူးကျော်မှုနဲ့ စက်တင်ဘာ ၁၃ ရက်က တရားစွဲဆိုလိုက်ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၀၆-၇ ဖာလုံ၊ လယ်ဆည်ဝန်ကြီး ကြံခင်းအနီးနားမှာ စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့ လယ်သမားမိသားစုထဲက အသက် ၁၈ နှစ်အထက် မိသားစုဝင်တွေ အားလုံးကို သစ်တောဦးစီးဌာနက  ဇဗ္ဗူသီရိတရားရုံးမှာ သစ်တောမြေကျုးကျော်နေထိုင်တဲ့ ပုဒ်မ(၄၀-က) တရားစွဲဆိုလိုက်တာပါ။

[caption id="attachment_30827" align="alignleft" width="249" caption="(ဓာတ်ပုံ- ဦးမောင်မောင်သန်း)"][/caption]

အခုတရားစွဲခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး သူတို့တရားစွဲခံရပုံကို လယ်သမားဦးတင်မြင့်က “ပထမဦးဆုံး ၂၀၁၂ ၆ လပိုင်း ၁၂ ရက်နေ့မှာ တောင်သူ ၆၃ ဦးကို စွဲထားပါတယ်။ ဩဂုတ်လ ၆ ရက်နေ့မှာ ဒီအမှုနဲ့ ပတ်သက်လို့ တရားသူကြီးက အထက်အမိန့်အရ ဖျက်သိမ်းပါတယ်လို့ ကျနော်တို့ကို ဖျက်သိမ်းပေးလိုက်ပါတယ်။ အဲဒီကနေ စက်တင်ဘာလထဲမှာ အခြေခံကျေးရွာ အုပ်စု ရပ်ကွက်အုပ်ချုပ်ရေးရုံးစာရေး ကိုချိုကြီးနဲ့ ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် မဲအတွက်ဆိုပြီး ကျနော်တို့ပြည်သူတွေကို သန်းခေါင်စာရင်းလိမ်ကောက်ပြီး တအိမ်ထောင်ကို ၁၈ နှစ်အထက် ရှိတဲ့ မိသားစုကို တရားစွဲဆိုတယ်” လို့ ပြောပါတယ်။

အခုတရားစွဲဆိုခံရတဲ့ လယ်သမားတွေဟာ အဲ့ဒီဒေသမှာ နှစ်ပေါင်း ၃၀ကျော် စိုက်ပျိုး လုပ်ကိုင် နေထိုင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။

လယ်သမားတွေကတော့ ဒီမြေမှာပဲ ဓားမဦးချလုပ်ကိုင်လာတာမို့ သူတို့ လယ်မြေတွေလို့ပဲ မှတ်ယူထားပြီး စိုက်ပျိုးလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

လယ်သမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် ပျဉ်းမနားမြို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ဥပဒေအထောက်အကူပြုအဖွဲ့ဆိုတာလေး ဖွဲ့ထားတယ်။ ဒီအဖွဲ့က အကုန်လိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့လိုက်မှာပါ။ သွားမယ့်လမ်းကြောင်းက သစ်တောမြေနဂိုက ရှိသော်လည်း တကယ်မရှိဘူး။ စာအုပ်တွေမှာပဲ ရှိနေတယ်။ ဇယားအရပဲရှိနေတဲ့ သစ်တောမြေဖြစ်တဲ့အတွက် အခု မြေယာဥပဒေအသစ်အရဆိုရင် လယ်သမားတွေဟာ ဓားမဦးချလုပ်တဲ့ မြေတွေကို မှတ်ပုံတင်လျှောက်လို့ရတယ်။ အခု မှတ်ပုံတင်ရဖို့ စီစဉ်နေတဲ့အချိန်မှာပဲ တရားစွဲခံရတာဖြစ်တယ်လို့ လမ်းကြောင်းဆွဲမယ်လို့ စိတ်ကူးတယ်။”

လာမယ့် စက်တင်ဘာလ ၁၉ ရက်မှာ နောက်တကြိမ် တရားရုံးချိန်း ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013